ဒီဇာတ်ကားလေးကတော့ မင်းသကြီး Kurt Russell ငယ်ငယ်ကဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ New Yorkမြို့ကြီးဟာအမေရိကန်တစ်နိုင်ငံလုံးရဲ့အကျဉ်းထောင်အဖြစ်သတ်မှတ်ခံလိုက်ရပြီး Manhattan ကျွန်းကြီးပတ်ချာလည် တံတိုင်းတွေခတ်လိုက်ပါတယ်။ အထဲမှာလည်း ရာဇဝတ်သားတွေအပြည့်နဲ့ရဲတွေကတော့တံတိုင်းအပြင်ကသာစောင့်ကြပါတယ်။ ထိန်းမယ့်သူမရှိတော့အထဲမှာက ရာဇဝတ်သားတွေဟာ သူတလူငါတမင်းအုပ်ချုပ်နေကြပြီး ရမ်းကားလို့ကောင်းပြီးရင်းကောင်းနေတာပါ။ဖြစ်ချင်တော့တစ်နေ့မှာ သမ္မတကြီးလေယာဉ်ဟာ မျိုးချစ်ဝါဒီအစွန်းရောက်တွေရဲ့ ပြန်ပေးဆွဲခြင်းခံရပြီး New York မြို့ထဲကိုပျက်ကျစေခဲ့ကာ သမ္မတကြီးကိုထောင်ထဲရောက်စေခဲ့ပါတယ်သမ္မတကြီးကိုကယ်ဆယ်ဖို့ကလည်း လူအင်အားသုံးလို့မရတာကြောင့်အကျဉ်းကျဖို့ရောက်လာတဲ့ Snake ကိုပဲအပေးယူသဘောနဲ့ခိုင်းစေရပါတော့တယ်။ Snake ထွက်ပြေးမှာကိုသိနေလို့ လည်ပင်းထဲမှာပါမိုင်းအသေးစားလေးလိုတပ်ဆင်ပေးထားလိုက်ပြီး 24 နာရီအတွင်းပြန်မရောက်ပါက သေမှာဖြစ်ပါတယ်။ ဆိုတော့ Snake တစ်ယောက်သမ္မတကြီးကိုဘယ်လိုကယ်မလဲ။သူရောအသက်ရှင်လျက်ပြန်ထွက်လာနိုင်မလားဆိုတာကတော့ ဇာတ်ကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းချင်ပါတယ်။