Snake Island Survival HD

Snake Island Survival

Action Thriller Mystery HD 2025-05-07 8.3 72 Min

ဒီနေ့တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မြွေကျွန်းက ရှင်ကျန်သူတွေအကြောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးမှာဆိုရင် ပင်လယ်ကာကွယ်ပေးတဲ့ စောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ယောက်က တစ်နေ့ လေပြင်းမုန်တိုင်းကကယ်ဆယ်ရင်း ဇနီးသည်ကို ဆုံးရှုံးခဲ့ရတာကြောင့်…တောက်လျှောက် သူ့သမီးလေးကိုရောသူကိုယ်တိုင်ပါ ပင်လယ်နဲ့ အဝေးမှာ နေလာခဲ့တယ်…ဒါပေမယ့်လည်း သမီးလေးကလည်းပင်လယ်ရဲ့အဝေးမှာမနေသလို…သူကိုယ်တိုင်ကလည်း ပင်လယ်ပတ်ဝန်းကျင်က ညစ်ညမ်းပြီးပျက်စီးလာတာကြောင့် နောက်ဆုံးမှာတော့သူလည်း ပင်လယ်ကို ကာကွယ်ဖို့အရေးပါဝင်လာပါတယ်…သူတို့ရင်ဆိုင်ရတာကတော့ သဘာဝအတိုင်းမွေးလာတဲ့ မြွေတွေရဲ့မွေးဖွားနှုန်းကို ပြောင်းလဲတဲ့အပြင် မြွေအဆိပ်နဲ့ ဆေးဖော်တာရော သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးဖို့ရော ကြိုးစားနေတဲ့လူမဆန်တဲ့ လူအရေခွံခြုံထားတဲ့ မကောင်းဆိုးဝါးတွေကို ပေါ့…ဒီတော့ ဒီပတ်ဝန်းကျင်ညစ်ညမ်းမှုက ဘာကြောင့်ဖြစ်တာလဲ…နောက်ပြီး ပင်လယ်ကာကွယ်သူတွေက အဆုံးထိကာကွယ်ပေးသွားနိုင်မှာလား ဆိုတာတော့ ကြည့်ကြည့်လိုက်တော့နော်