ဒီတစ်ခေါက်မှာ တင်ဆက်ပေးလိုက်တာကတော့American Wages လို့ ခေါ်တဲ့ Comedy , Crime အမျိုးအစားရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ။မိန်းမလှလေးတစ်ယောက်ဖြစ်တဲ့ အက်ရှလေဟာကားဝပ်ရှော့မှာစက်ပြင်ဆရာလုပ်တဲ့ ဂျက်ခ်နဲ့ ယူထားပြီးတဲ့နောက် ဆန်ကုန်မြေလေးနဲ့ ယူလိုက်လေခြင်းရယ်လို့ အမေဖြစ်သူဆီက နေ့စဥ်ရက်ဆက် အပြောခံနေရသလို တစ်ဖက်မှာလည်း သူတို့ဟာကိုယ်ပိုင်အိမ်တောင်မရှိဘဲ Trailer ကားထဲမှာ နေရတာဖြစ်ပြီးမီတာခတွေပေးဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ အခြေအနေပါ ။ဒီလို အခြေအနေမျိုးမှာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုဒဏ်ရာရထားတဲ့လူတစ်ယောက်ဟာငွေထုပ်ကြီး တင်လာတဲ့ကားတစ်စီးနဲ့အတူ သူတို့အိမ်ရှေ့ကို ရောက်လာခဲ့ပါတယ် ။သူတို့ လင်မယားက ဆေးရုံပို့ပေးဖို့ စဥ်းစားခဲ့ပေမဲ့ အဲဒီလူကဆေးရုံမပို့ဖို့ ဆရာဝန်ကိုလည်း မခေါ်ဖို့ ပြောလာတဲ့အခါသူတို့ဘယ်လိုဆုံးဖြတ်ကြမလဲ …အဲဒါအပြင် ငွေထုတ်ကြီးထဲက ပိုက်ဆံပမာဏကို မြင်လိုက်တဲ့အခါမှာ လောဘတက်လာတဲ့ သူတို့ နှစ်ယောက် ဘာဆက်လုပ်ကြမလဲ …….လောဘရဲ့တစ်ခဏစေ့ဆော်မှုနောက်ကို လိုက်မိတဲ့ သူတို့နှစ်ယောက် အဲဒီပိုက်ဆံတွေကိုရော လူမမိအောင် သေချာထိန်းသိမ်းနိုင်မှာလား …နောက်ဆုံးမှာ သူတို့ ထင်ထားသလို သူတို့နှစ်ယောက်သန်းကြွယ်သူဌေးတွေအတွက် ကောင်းစားသွားမလားဆိုတာကိုတော့ American Wages ရုပ်ရှင်မှာ အတူတူကြည့်ရှုလိုက်ရအောင်နော် ။