The Diplomat HD

The Diplomat

Drama Thriller HD 2025-03-07 6.6 137 Min

မင်းသားကြီး John Abraham ရဲ့ positive reviewတွေပိုင်ဆိုင်ထားတဲ့ The Diplomat ဆိုတဲ့ ဇာတ်ကားလေးထွက်ထွက်လာချင်းမှာပဲ Bollywood ပရိသတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဗျ။ဒီဇာတ်ကားလေးကတော့ မျိုးဆက်ပေါင်းများစွာ အာဃာတတွေထားပြီး အမြဲအင်အားချင်းပြိုင်နေတဲ့နိုင်ငံနှစ်နိုင်ငံကြားကသံအမတ်တစ်ယောက်ရဲ့ဘဝကို ပုံဖော်ထားတာဖြစ်ပြီး ပါကစ္စတန်ကို ဖျားယောင်းခေါ်ဆောင်သွားခံရတဲ့ အိန္ဒိယနိုင်ငံသူလေးကိုအိန္ဒိယကို ပြန်ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ အိန္ဒိယသံအမတ်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံထားတာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်လို့ပြောလိုက်ရင် နိုင်ငံချင်းကပ်ရပ်ဖြစ်နေပေမဲ့ ၃ နဲ့ ၄ လိုမျက်နှာချင်းမဆိုင်ကြတာ အားလုံးအသိပါပဲ။ဒီတော့ ပါကစ္စတန်နိုင်ငံထဲက အိန္ဒိယသံရုံးက သံအမတ်တစ်ယောက်အတွက်တော့ အရာရာဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့ဘဝပါ။ဒီလိုနဲ့တစ်နေ့ သံရုံးထဲကို အုဇ်မာဆိုတဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ပြေးဝင်လာပြီး ကူညီဖို့ ငိုယိုအကူအညီတောင်းခံပါတော့တယ်။ပါကစ္စတန်မှာ ဒါမျိုးတွေကြုံနေကြအပြင် စာရွက်စာတမ်းနဲ့တူတာ အိန္ဒိယပတ်စပို့ပဲရှိနေပါသတဲ့။ဖြစ်နိုင်ခြေနည်းတဲ့ သူ့ရဲ့ထွက်ဆိုချက်တွေကြောင့် သူ့ကို ဘယ်သူမှမယုံကြပေမဲ့ စစ်ဆေးကြည့်တဲ့အခါဖျားယောင်းခံရ လိမ်ညာလက်ထပ်ခံရလိင်အကြမ်းဖက်ခံရတဲ့ သနားစရာမိန်းကလေးမှန်းသိသွားတဲ့နောက် သံအမတ်ကြီးဂျေပီဆင်းဂ်က သူ့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့…နိုင်ငံနှစ်နိုင်ငံကြား သံတမန်ရေးရာကိစ္စတွေ ပဋိပက္ခတွေနဲ့သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝ မိသားစုရေးရာတွေကြား အုဇ်မာကိုသူဘယ်လိုကယ်ထုတ်မလဲဆိုတာ လှလှပပ ပုံဖော်ထားတဲ့ Political drama ‌ကောင်းတစ်ကားကို အခုပဲ CMနဲ့အတူ ရှုစားလိုက်ကြပါဦးစို့။