“ဧကရာဇ်အသစ်” လို့ အဓိပ္ပာယ်ရတဲ့ ထူးခြားတဲ့နာမည်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ရှင်းဟွမ်ဂျယ်(Seo Jun-young ) ဟာ အထက်တန်းကျောင်းကတန်းက တစ်ချက်ထိုးလိုက်ရုံနဲ့တစ်ဖက်ကလဲသွားလောက်တဲ့ထိ တိုက်ရည်ခိုက်ရည်ကောင်းလွန်းတာကြောင့် One Punch Man ဆိုတဲ့နာမည်ပြောင်ကိုပါ ရထားတဲ့အထိပါပဲ။ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဘာအလုပ်မှရေရေရာရာမရှိဘဲလေလွင့်နေတဲ့ ဟွမ်ဂျယ်ကိုသူ့ရဲ့သူငယ်ချင်းဟောင်းဖြစ်တဲ့ ထယ်ဟွာက အလုပ်တစ်ခုနဲ့မိတ်ဆက်ပေးပါတယ်။သူငယ်ချင်းမိတ်ဆက်ပေးတဲ့အလုပ်ကြောင့် ဟွမ်ဂျယ်တစ်ယောက်အမှောင်လောကထဲကိုစတင်ဝင်ရောက်သွားပြီးတဲ့နောက်မှာ သူ့ရဲ့သူဌေး မျက်စိကျနေတဲ့ မီရန် (Song Min Kyung) ဆိုတဲ့ကောင်မလေးနဲ့ ချစ်မိသွားခဲ့ကြပြီး One Punch Man တစ်ယောက်ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့သွားရမလဲ…သူချစ်ရတဲ့သူကိုရော အဆုံးထိကာကွယ်သွားနိုင်ပါ့မလားဆိုတာကို…ကြမ်းတမ်းတဲ့လူတွေကြားထဲက နူးညံ့တဲ့အချစ်တစ်ခု ခက်ခဲစွာ ပေါက်ဖွားလာပုံကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။