Can I Get a Witness? FHD

Can I Get a Witness?

Thriller Science Fiction FHD 2024-09-06 6.5 110 Min

အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ်ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက်၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက်အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီးလူတိုင်းကလက်ခံခဲ့ကြပါတယ်။ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ကမ္ဘာမြေကြီးကနေကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ဒီကားမှာတော့ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာလူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာသေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲဘယ်လိုအတွေ့အကြုံတွေရမလဲ….လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီးထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီကားမှာတော့ တရားမျှတမှုတွေဘဝရဲ့အဓိပ္ပာယ်တွေကိုကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။