Unnatural FHD

Unnatural

Horror Western FHD 2024-10-08 4.5 104 Min

ပရိသတ်ကြီးကို အနောက်ပိုင်း ကောင်းဘွိုင် အငွေ့အသက်လွှမ်းခြုံထားတဲ့ Horror ဇာတ်ကားလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဘုရားသခင်က‌ ပေးအပ်ထားတဲ့ မစ်ရှင်ကိုလုပ်ဆောင်ရင်းနဲ့လူသားတွေကို ဒုက္ခပေးနေတဲ့ သမန်းဝံပုလွေတွေ…ဗမ့်ပိုင်းယားတွေကို နှိမ်နင်းဖို့အတွက် ဒန် ရန်မင်တန်အဖြစ်သရုပ်ဆောင်ထားတာကတော့ ကမ္ဘာကျော် WWE,WWFချန်ပီယံဟောင်း အမေရိကန် နပန်းသမား Al Snow ဖြစ်ပါတယ်ဇာတ်လမ်းကတော့ မိဘနှစ်ယောက်လုံးကို သမန်းဝံပုလွေသတ်ဖြတ်လိုက်ပြီး ကျန်တဲ့ ကလေးနှစ်ယောက်ကို သတ်တော့မယ့်ဆဲဆဲမှာ အဖိုးဖြစ်သူ ဒန်ရန်မင်တန် အချိန်မီရောက်လာပြီးကယ်တင်လိုက်ပါတယ်။ သူလုပ်နေတဲ့ အလုပ်က အန္တရာယ်များတာကြောင့် ဒီကလေးတွေကို ခေါ်မသွားချင်ပေမယ့်သူ့မြေးလေး နှစ်ယောက်လုံးမှာ ထူးခြားတဲ့အစွမ်းကိုယ်စီပိုင်ဆိုင်ထားတာကြောင့် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန် ရန်မင်တန် ကိုယ်တိုင်က ဝိဉာဉ်တွေ စကားပြောတာကိုကြားနိုင်ပြီးတော့ သူ့မြေးအကြီးမလေးက ဝိဉာဉ်တွေတစ္ဆေတွေကိုမြင်နိုင်စွမ်းရှိပါတယ်။မြေးအငယ်လေးကတော့ တီထွင်နိုင်တဲ့ အစွမ်းရှိတာပါ။ပေါ်ဆမ်ထရော့ဆိုတဲ့ မြို့ငယ်လေးကို ဗမ့်ပိုင်းယား နှိမ်နင်းဖို့ရောက်သွားချိန်မှာ သူထင်သလို မဟုတ်ဘဲဒီမြို့ကသူတွေကသူတို့မြို့ အေးချမ်းဖို့ ဗမ့်ပိုင်းယားမိစ္ဆာနဲ့ အပေးအယူလုပ်ပြီးနေနေကြတာပါ။ ဒန်ရန်မင်တန်တို့ မြေးအဘိုးတွေ ဒီမြို့ကဗမ့်ပိုင်းယားတွေကို နှိမ်နင်းနိုင်ပါ့မလား ဆိုတာကိုတော့…။