The Baby in the Basket FHD

The Baby in the Basket

Horror FHD 2025-02-17 7 100 Min

ဒီကားကိုတော့ ဒါရိုက်တာ Andy Crane နဲ့ Nathan Shepkaတို့ ရိုက်ကူးထားပြီး Maryam d’Ano, Paul Barber,Amber Doig-Thorne တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ပွဲတွေဖြစ်နေတဲ့ ကာလတစ်ခုအတွင်းမှာ ဝေးလံခေါင်ဖျားတဲ့လူသူသိပ်မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် စိန့်အောဂတ်စတင်းလို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခုရှိခဲ့ပါတယ်။တစ်နေ့မှာတော့ သီလရှင်တစ်ဦးကနတ်ဆိုးက ဝံပုလွေကသိုးရေခြုံလာသလို အားနည်းတဲ့ပုံနဲ့ရောက်လာပြီး ဘုရားကျောင်းကို ပျက်စီးစေလိမ့်မယ်လို့ ‌ပြောကြားခဲ့ပါတယ်။တစ်ခြားသူတွေက မယုံကြည်ကြတာကြောင့်သူကထွက်သွားဖို့ပဲရွေးခဲ့ပါတယ်။ဒီလိုနဲ့ မုန်တိုင်းတွေထန်တဲ့ ညတစ်ညမှာ ဘုရားကျောင်းကိုဘယ်ကမှန်းမသိတဲ့ မွေးကင်းစကလေး ရောက်လာခဲ့ပြီးအဲဒီအချိန်ကစလို့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်သီလရှင်တစ်ပါးသေဆုံးပြီး တစ်ပါးက ရူးသွပ်သွားတာကနေစပြီး ဆက်တိုက် သေဆုံးမှုတွေ ဖြစ်လာတဲ့အခါမှာတော့ဒီကလေးဟာ နတ်ဆိုးရဲ့ကိုယ်ပွားဖြစ်နိုင်တယ်လို့ သံသယဝင်လာခဲ့ကြပါတယ်။ဒီနတ်ဆိုးလက်ကနေလွတ်အောင်သူတို့ဘယ်လိုကြိုးစားကြမှာလဲ……ဘယ်သူကရော လွတ်မြောက်သွားမလဲ…..တကယ်ပဲ အစစ်အမှန်လွတ်မြောက်ခြင်းလား။ဒါတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။