ဒီတစ်ခါမှာတော့ Best Experimental Film ဆု အပါအဝင်ရုပ်ရှင်ဇာတ်လမ်းတို ဆုပေးပွဲတွေမှာ ဆု ၇ ဆု ကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကိုဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းရဲ့ အဓိက ကျောရိုးကတော့ စိတ်ကူးယဥ်အိပ်မက်နဲ့လက်တွေ့ကြား အလွှာပါးပါးလေးပဲခြားပြီး အကူးအသန်းလုပ်နေတဲ့ မိုလီရဲ့ ဘဝအကြောင်းပါပဲ ။ငယ်စဥ်တည်းက မိဘဆီက အသိအမှတ်ပြုမှုကိုခံချင်ခဲ့တဲ့အပြင် အပယ်ခံတစ်ယောက်အနေနဲ့ ကြီးပြင်းလာတဲ့ မိုလီရဲ့အတက်အကျစုံနေတဲ့ ခံစားချက်တွေကို ဒီရုပ်ရှင်မှာတော့လူအဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ။အဲဒီပေါင်းစုံနေတဲ့ ခံစားချက်တွေဟာမိုလီနဲ့ တစ်အိမ်တည်းအတူတူနေနေပြီး မိုလီ့ဘဝရဲ့ ဆုံးဖြတ်ချက် အခိုက်အတန့်တိုင်းမှာ အငြင်းပွားနေကြရတာပါ ။အဲဒီအချိန်မှာပဲ မျှော်လင့်ချက် နဲ့ အရှုံးသမားဆန်မှုဆိုတဲ့ခံစားချက်တစ်ခု သူ့အိမ်ကိုထပ်ဝင်ရောက်လာတဲ့အခါမှာမိုလီရဲ့ ဘဝဟန်ချက်က ဘယ်လိုပျက်စီးသွားမလဲ ။မိုလီ့ဘဝ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။