ပါဘလိုနီရူဒါ အရာအားလုံးမှာဂျက်ဖြစ်ရမယ်တဲ့။ ဒါကတော့ ပါဘလိုရဲ့အမေက သူ့သားကို ဖြစ်စဉ်ချင်တဲ့ဆန္ဒတစ်ခုပေါ့။ဒါပေမဲ့ အဖေဖြစ်သူကတော့ ပါဘလိုကို တစ်ခုခုမှာ ထူးချွန်စေချင်တာပါ။ဒါပေမဲ့ပါဘလိုကတော့ အမေ့ဆန္ဒကိုလိုက်ခဲ့ပုံရပါသတဲ့။အရာအားလုံးကို တတ်မြောက်ပေမဲ့ ဘယ်တစ်ခုမှာမှ ထူးချွန်တယ်ရယ်လို့မရှိပါဘူး။အင်ယာဘွဲ့ရပေမဲ့ အင်တာဗျူးမှာ ပေါက်ကရတွေလုပ်လွန်းလို့ အလုပ်ကလည်းမရပြန်၊ ဝေလေလေ 109-110 လုပ်နေတဲ့ ပါဘလိုတစ်ယောက် တစ်နေ့မှာ သူနဲ့အံကိုက်မယ့်အလုပ်ကို အတွေးပေါက်သွားသတဲ့အဲဒါကတော့ RAW အေးဂျင့်လုပ်ဖို့အတွက်ပါ။ ဒါပေမဲ့ သူ့ရဲ့အဖေကိုတော့ သူအသိမပေးထားပါဘူး။ဒီတော့ ဟိုစပ်စပ် ဒီစပ်စပ်ဖြစ်နေတဲ့သားကို စိုးရိမ်နေတဲ့အဖေနဲ့ RAW မှာသွားမွှေမယ့်အမွှေစိန်ပါဘလိုတို့ ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး။