သည်းထိပ်ရင်ဖိုလည်းဖြစ်ရမယ် ပဟေဋိလည်းဆန်ရမယ်ဆိုရင်တော့ ရွေးချယ်မှုမှန်ကန်သွားပါပြီနော်။ဒီကားလေးထဲမှာတော့ g.o.d ထဲက Danny Ahn နဲ့ မင်းသမီး Kim Min Chae တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားသော မျက်နှာသစ်သရုပ်ဆောင်များကလည်းပါဝင်အားဖြည့်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အိမ်ထောင်သက်တစ်နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဆူဝန်းနဲ့ မီယူတို့ဟာကြင်စဦးတွေလိုပဲ ချစ်ကြဆဲဖြစ်ပြီး သူတို့မင်္ဂလာနှစ်ပတ်လည်အတွက်တောင်ပေါ်ဒေသလေးကိုကားနဲ့ စခန်းချခရီးထွက်ကြဖို့ စီစဥ်ထားကြပါတယ်။စိတ်ကူးယဥ်ဆန်ဆန် ကြည်နူးဖွယ်ခရီးလေးကနေ သွေးလွှမ်းသွားတဲ့ ကြောက်စရာအခိုက်အတန့်များအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့ လင်မယားနှစ်ယောက် လွတ်မြောက်နိုင်ပါ့မလား..ထို့အပြင် နှစ်ဦးသားကြားမှာ ဘယ်လိုသိုဝှက်ထားတဲ့ လှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပြီးအဆုံးမှာဘယ်လိုတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။