Seeds FHD

Seeds

Horror Thriller Mystery FHD 2024-10-25 6 82 Min

ပရိသတ်ကြီးကို ကနေဒီယန် ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် မြောက်အမေရိကတိုက်ရဲ့ နဂိုမူလနေထိုင်သူ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်တဲ့ မိုဟော့လူမျိုးစု မျိုးနွယ်ဝင် Influencerဆယ်လီ ကောင်မလေးတစ်ယောက်နဲ့ သီးနှံမျိုးစေ့တွေကို လက်ဝါးကြီးအုပ်ထိန်းချုပ်ချင်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့ဇာတ်လမ်းလေးတစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာနာမည်ကြီးအွန်လိုင်းဆယ်လီဖြစ်အောင်ကြိုးစားနေတဲ့ ဇစ်ဂီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာတစ်နေ့မှာ ကိုယ်စားပြုကြော်ငြာပေးဖို့အတွက် NatureOath ဆိုတဲ့ ကောက်ပဲသီးနှံမျိုးစေ့ကုမ္ပဏီကြီးတစ်ခုကကမ်းလှမ်းလာခဲ့ပါတယ်။ဇစ်ဂီဟာ ရလာတဲ့ အခွင့်အရေးကို အားရဝမ်းသာ လက်ခံခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဇာတိမြို့မှာနေတဲ့ သူမရဲ့အဒေါ်က အားလပ်ရက် ခရီးသွားဖို့အတွက်အိမ်စောင့်ဖို့သူမကို လှမ်းပြောလို့ မြို့ကနေ ပြန်လာခဲ့ပါတယ်။ဘယ်သူမှမရှိတဲ့ အချိန် သူမတို့အိမ်ကို ခိုးဝင်ပြီး မိသားစုအမွေဖြစ်တဲ့ မျိုးရင်းမျိုးစေ့တွေကို ခိုးယူဖို့ ကြိုးစားတဲ့သူခိုးနဲ့ ကြုံဆုံရတဲ့ အခါမှာတော့သူမ ဘယ်လိုကာကွယ်မလဲ….။ ( ဒီဇာတ်ကားမှာ ဇစ်ဂီအဖြစ် သရုပ်ဆောင်ထားတဲ့ တီယိုဟွန်းဟာ အပြင်မှာလည်း မိုဟော့လူမျိုး တစ်ယောက်ဖြစ်ပြီးဒီဇာတ်ကားကို သူမကိုယ်တိုင် ဒါရိုက်တာအဖြစ်ညွှန်ကြားရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး လက်ရာဖြစ်ပေမယ့်ဇာတ်လမ်း ဇာတ်အိမ်ကို လေးဖင့်တာမျိုး မရှိဘဲ လိုရင်းတိုရှင်းခပ်ပြတ်ပြတ် ရိုက်ကူးထားနိုင်တာမို့ အရည်အသွေးမီဇာတ်ကားလို့ပြောလို့ရပါတယ်။IMDB မှာ 5.5 ရထားတာမို့ သိပ်မဆိုးဘူး ပြောရမှာပါ။နောက်ဆုံး စပွိုင်လာအနေနဲ့ ပြောရရင် ရန်သူကို လက်တုံ့ပြန်နှိပ်စက်တဲ့အခန်းက အတော်အားရဖို့ ကောင်းပါတယ်။ )