Last Bullet FHD

Last Bullet

Action Crime Thriller FHD 2025-05-06 7.9 111 Min

ကားတွေဆိုင်ကယ်တွေတွေနဲ့ Fast And Furious လိုခံစားချက်မျိုးကိုမှ ရချင်ပါတယ်ဆိုတဲ့သူတွေအတွက်အသစ်စက်စက်ထွက်ရှိထားတဲ့ Last Bulletဆိုတဲ့ပြင်သစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေနဲ့မဟုတ်ပေမဲ့ သုံးထားတဲ့စတန့်ရိုက်ချက်တွေကတော့ ဘက်ဂျက်ကိုရှယ်သုံးပြီးရှယ်ဖောက်ခွဲ ဖျက်ဆီးပြီး ရိုက်ထားတဲ့အတွက်အက်ရှင်ကားတစ်ကားပီသစွာကြည့်လို့ကောင်းနေမှာတော့ဖြစ်ပါတယ်။ရှေ့မှာလည်း Lost Bullet 1 နဲ့ 2 ဆိုပြီး နှစ်ကားကြိုတင်ထွက်ရှိပြီးသားဖြစ်တဲ့အတွက် အဲ့ဒီနှစ်ကားနဲ့အရင်ပြန်စကြည့်ရင်တော့ဇာတ်ရည်ပိုလည်မှာဖြစ်ပါတယ်။ဒီနောက်ဆုံးထွက်တဲ့ကားမှာတော့ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုကိုဦးဆောင်ပြီးလုပ်ကိုင်နေတဲ့ ဥပဒေဘက်တော်သားကြီး ကွန်မန်ဒါရက်ဇ်ကိုနိဂုံးချုပ်ပေးဖို့အတွက်သူ့လုပ်ငန်းတွေမှာပါဝင်ခဲ့ဖူးတဲ့ မူးယစ်ဆေးသယ်ယူပို့ဆောင်ဖို့ ကားတွေကို မြန်သထက်မြန်အောင်ပြင်ပေးရတဲ့ စက်ပြင်ဆရာ လီနိုနဲ့အကျင့်ပျက်ခြစားတဲ့စုံထောက်တစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တဲ့အရာစကီတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ်ကြိုးစားကြပုံကို ရှုစားရဦးမှာဖြစ်ပါတယ်။