Tyler Perry's Duplicity HD

Tyler Perry's Duplicity

Drama Thriller HD 2025-03-19 6.67 109 Min

ရှေ့နေတစ်ဦးဖြစ်တဲ့ မာလေဝဲလ်ဟာ လူဖြူရဲတစ်ဦးရဲ့ အသေပစ်ခတ်ခြင်းခံလိုက်ရတဲ့ သူငယ်ချင်းဖြစ်သူ ရော့နေးဘလက်ဘန်းအတွက် တရားမျှတမှု ယူပေးဖို့ကြိုးစားရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ရော့နေး ရဲ့ဇနီးသည်ဖဲလာအတွက်ပါ ကျေအေးငွေလုံလောက်အောင်ရရှိရေး အမှုလိုက်ပေးဖို့ ဖြစ်လာပါတယ်။ ရော့နေးဟာအပြေးလေ့ကျင့်နေတုန်း သံသယဖြစ်ဖွယ်သေနတ်ကိုင်ဆောင်ထားသူလို့ရဲတိုင်ခြင်းခံလိုက်ရပြီး ရဲတစ်ဦးရဲ့အသေပစ်ခတ်ခြင်းခံလိုက်ရပါတယ်။မာလေဟာ ဒီအမှုကိုကွင်းဆင်းစစ်ဆေးရာမှာ တော့ ကိစ္စတွေဟာ ထင်သလောက်မရိုးရှင်းပဲတစ်ယောက်ယောက်ကကြိုးကိုင်နေတာသိလိုက်ရပါတယ်။ ဒီလိုနဲ့ မာလေဟာ ဖုံးကွယ်ထားတဲ့ဖြစ်ရပ်မှန်ကိုရည်းစားဖြစ်သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်သူရဲ့အကူအညီနဲ့ ဖော်ထုတ်ဖို့ကြိုးစားပါ တော့တယ်။ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေမှာလဲ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာတော့…. IMDB Rating ကသိပ်အားရစရာမကောင်းပေမယ့် ၂၀၂၅ထွက်ဒီအသစ်စက်စက်မှုခင်းကားဟာ ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။အမေရိကန်ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ပြသာနာဖြစ်တဲ့ လူမှုရေးဖောက်ပြန်မှု‌ တွေကို မီးမောင်းထိုးပြထားပြီး သာမာန်လူတွေရဲ့လူမှုရေးပြသာနာကနေ နိုင်ငံရေးအထိပါလာရောက်ရိုက်ခတ်ပုံကို ရိုက်ပြထားပါတယ်။ ဒါအပြင်လူဖြူရဲတွေရဲ့ လူမည်းတွေအပေါ်အလွန်အကျွံအင်အားသုံးမှုတွေရဲ့သက်ရောက်မှုနဲ့ ဒီလုပ်ရပ်တွေရဲ့အကျိုးဆက်တွေဟာမသမာသူတွေအတွက် ဘယ်လိုအသုံးချစရာဖြစ်လာလဲ ဒီကားမှာ ကြည့်ရပါလိမ့်မယ်။