ဒီတစ်ခါတော့ မေလ ၂ရက်နေ့ကမှ ထွက်တဲ့ ဗြိတိသျှဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ အသက်အရွယ်ရနေပြီဖြစ်တဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဆယ်လ် (TobyKebbell) ဟာ တစ်ဦးတည်းသော သမီး၊ကွာရှင်းထားတဲ့ ဇနီးတို့ရဲ့အဝေးမှာ ခက်ခက်ခဲခဲဝမ်းကြောင်းနေရပြီး လက်ရှိနေတဲ့မြို့ငယ်လေးကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူပါပင်ကိုစိတ်သဘောကောင်းသူဖြစ်ပေမယ့် ငယ်သူငယ်ချင်းဟောင်း လူဆိုးဂိုဏ်းဝင်ဖြစ်သူ ဗင်းဆင့် (Shia LaBeouf) ပေါ်လာချိန်မှာ တရားမဝင်မြေအောက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ဆွယ်တာခံရပါတော့တယ်။သမီးလေးနဲ့အတူ ဒီမြို့ငယ်လေးကနေ ထွက်သွားချင်စိတ်တစ်ခုတည်းနဲ့ ဒုစရိုက်လုပ်ငန်းနွံထဲ နစ်သည်ထက် နစ်လာတဲ့အခါ…Transformer မင်းသား Shia LaBeouf ကိုတော့Fury, Indiana Jones တို့နဲ့ လူသိများပါတယ်။Toby Kebbell ကတော့ Monsterverse မှာ ပါဝင်ခဲ့ဖူးပြီး Prince of Persia, War Horse, Wrath of the Titans, Fantastic Four, Warcraft, Ben-Hur စတဲ့ရုပ်ရှင်ပေါင်းများစွာမှာ ဇာတ်ရုပ်တချို့ လုပ်ခွင့်ရဖူးပါတယ်။Kíla Lord Cassidy နဲ့ James Cosmo တို့ကလည်း ဇာတ်ရံအဖြစ်ပါဝင်ပါတယ်။ဇာတ်ညွှန်းကတော့ Björn Franklinဖြစ်ပြီး ဒါရိုက်တာကတော့Björn Franklin နဲ့ Johnny Marchetta တို့ဖြစ်ပါတယ်။တစ်ကားလုံး ဆဲရေးတိုင်းထွာနေလို့ R-rated သတ်မှတ်ထားပါတယ်။