Ten Hours HD

Ten Hours

Unknown HD 2025-04-18 8.3 128 Min

တစ်ချိုသောသူတွေက ရိုးစင်းလွန်းတယ်လိုခံစားရပြီး အခြေကျတာထက်စိတ်လှုပ်ရှားစေတဲ့အလုပ်ကိုပဲ လုပ်လိုကြပါတယ်ကတ်စ်ထရိုဆိုတဲ့ရဲကလည်း အဲဒီလိုလူမျိုးပါသူက ခက်ခဲတဲ့အမှုများစွာကို ဖြေရှင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ သူ့လုပ်သက်တစ်လျှောက်မှာ စိန်ခေါ်မှုအရှိဆုံးပါလို သူခံစားရစေတဲ့ဆယ်နာရီကြာဖြေရှင်းရတဲ့ အမှုတစ်ခုတော့ရှိခဲ့ပါတယ်တဲ့တစ်ညမှာသူ့ဆီ မိဘနှစ်ဦးရောက်လာပါတယ်သူတိုသမီးလေးဟာ ပုံမှန်ပြန်ရောက်ရမယ့်အချိန်ကို အိမ်ပြန်မရောက်လာ‌သေးသလိုသင်တန်းကို မေးကြည့်တော့လည်း မရောက်လာဘူး ပြောတဲ့အတွက် လူပျောက်တိုင်ချက်လာဖွင့်တာပါဒီလိုနဲ့သူလည်း ကောင်မလေးသင်တန်းရှိရာဆီ မေးမြန်းစုံစမ်းဖို ထွက်လာပါတော့တယ်အဲဒီနောက်မှာတော့ ညတွင်းချင်းသွားတဲ့ခရီးပေါ်က ဘက်စ်ကားမှာလူသတ်မှုတစ်ခုဖြစ်သွားပါ‌တယ်ကတ်စ်ထရိုကတော့ ဒီအမှုနှစ်ခုဟာ ဆက်စပ်မှုရှိတယ်လို ကောက်ချက်ချမိပြီး ဘက်စ်ပေါ်ကခရီးသည်တိုင်းကို သူကိုယ်တိုင်သေချာ မေးမြန်းဖော်ထုတ်ပါတော့တယ်ဒီတော့မှသိရတာက ဘက်စ်ပေါ်ကခရီးသည်တိုင်း နောက်ကွယ်မှာ လျှိဝှက်ချက်ကိုယ်စီ ရှိနေတာပါဒီလိုနဲ့ ခရီးသည်တွေ လူစုမကွဲခင်သက်သေတွေမပျောက်ဆုံးခင် ကျန်ရှိတဲ့ခရီးစဉ်ကြာချိန်ဖြစ်တဲ့ ဆယ်နာရီပဲ ကတ်စ်ထရိုမှာ အချိန်ရပါတော့တယ်ခရီးသည်တွေတိုင်းဟာ လူသတ်သမားဖြစ်နေနိုင်တဲ့အ‌ခြေအနေနဲ့ ကတ်စ်ထရိုရဲ့ အမှုကိုင်တွယ်ဖြေရှင်းမှုပြောင်‌မြောက်လွန်းပုံကို ဒီသည်းထိတ်ရင်ဖို ဒရမ်မာလေးမှာ ကြည့်ရှုအားပေး အဖြေထုတ်ကြည့်ကြရအောင်ပါ