AI နည်းပညာတွေ ခေတ်စားလာတဲ့ အခုလို ခေတ်ကြီးထဲမှာ လူသားအသွင်သဏ္ဌာန်နဲ့AI service သာ ရှိခဲ့မယ်ဆိုရင် သင်ရော ဘယ်လိုပုံစံနဲ့ မှာယူချင်ပါသလဲ..ဒီကားလေးထဲမှာတော့ လူသားတွေကိုယ်စားနှစ်ပေါင်းများစွာ အကြွေးဆပ်ပေးမဲ့ AI,အတိတ်က သတ္တိမရှိခဲ့လို့ လက်လွှတ်ခဲ့ရတဲ့ မိန်းကလေးနဲ့ ပုံစံတူ AI, ကိုယ်မသေခင်ကိုယ့်ရဲ့ အချက်အလက်ပေါင်းစုံကို update လုပ်ထားခဲ့လို့ရပြီး ကိုယ်သေသွားပြီးနောက်မှာတောင် ကိုယ့်အလုပ်တွေကို ဆက်လုပ်ပေးနေဦးမဲ့ AI…အစရှိသဖြင့် စိတ်ကူးယဉ် လူသား AI အမျိုးမျိုးအစားစားကို ကဏ္ဍ ၅ ပိုင်းခွဲပြီးစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးပြထားတာမို့လို့ နောက်နောင် AI နည်းပညာနဲ့ တိုးတက်လာတော့မဲ့ လောကကြီးကိုကြိုတင်စိတ်ကူးယဉ်ကြည့်ရင်း ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးရှင်။