A World Without Thieves HD

A World Without Thieves

Action Drama HD 2004-12-09 7.2 113 Min

ရှကန်းဟာ အသက် ၁၆ နှစ်ကတည်းက အိမ်ကနေထွက်လာပြီး တိဗက်တောင်တန်းဒေသမှာ ဘုန်းကြီးကျောင်းတွေပြန်‌ဆောက်တဲ့အလုပ်လုပ်လာခဲ့တာ ၅ နှစ်ရှိသွားခဲ့ပြီ။၅ နှစ်လုံးလုံးအိမ်မပြန်ခဲ့ရတဲ့ရှကန်းဟာ နှစ်သစ်ကူးလို သူများတွေအိမ်ပြန်ချိန်မှာ သူဟာတောင်ပေါ်ဒေသမှာ ဝံပုလွေလေးတွေနဲ့ပဲ သူငယ်ချင်းလုပ်ပြီးနေခဲ့တယ်။၅ နှစ်အတွင်းစုဆောင်းငွေ ၆ သောင်းနဲ့မွေးရပ်မြေပြန်ပြီး အိမ်ဆောက်မယ် မိန်းမယူမယ်ပေါ့။ ဝံ‌ပုလွေတွေနဲ့တောင် သူငယ်ချင်းလုပ်နိုင်တဲ့ ရှကန်းရဲ့လောကကြီးမှာ လူတွေက ဝံပုလွေထက်ပိုဥာဏ်ကောင်းတာမို့လို့သူခိုးဆိုတာလည်းမရှိဘူးလိုယုံကြည်တာကြောင့် ငွေ ၆ သောင်းကိုပိုက်ပြီး တစ်ယောက်တည်း ရထားစီးပြီး အိမ်ပြန်တယ်။သူ့မှာ ငွေ ၆ သောင်းပါတာကို ရထားတစ်စီးလုံးနီးပါးသိသွားခဲ့ပြီး ရထားပေါ်မှာ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုရယ်၊ ခြိမ်းခြောက်ငွေညှစ်တာ၊ ခါးပိုက်နှိုက်တာ၊ ခိုးတာအကုန်လုပ်တဲ့စုံတွဲတစ်တွဲလည်းပါလာတော့ ရှကန်းရဲ့ ‌သူခိုးမရှိတဲ့လောကကြီးက ပြောင်းလဲသွားလေမလား။ သူထင်ထားတဲ့အတိုင်းပဲ ဆက်ဖြစ်မလား ကြည့်ရှုလိုက်ကြပါဦး။