The Secret Tide of the Chivalrous Courage and Medical Heart HD

The Secret Tide of the Chivalrous Courage and Medical Heart

Unknown HD 8.3 0 Min

တရုတ်ကွန်ဖူး ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာအပြည့် ခံစားရမဲ့ ရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဖန်းကျားမင်ဟာ ခန်းမြို့မှာ ဆေးပညာအတော်ဆုံး တရုတ်တိုင်းရင်းသမားတော်တစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း လူနာတွေကိုအခမဲ့ဆေးကုသပေးတတ်တဲ့အတွက် ဆေးဖိုးဝါးခအတွက်အလှူခံဖို့ မြို့မျက်နှာဖုံးဖြစ်သူ ရှေးဟောင်းပစ္စည်းအရောင်းအဝယ်လုပ်တဲ့ သူဌေးရှန်ရဲ့မွေးနေ့ကို သွားခဲ့ပါတယ်။သူဌေးရှန်ရဲ့ မွေးနေ့မှာ သူ့ရဲ့ ရှေ့ဟောင်းပစ္စည်းဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ဓားပြတိုက်သူက သွမ့်ထျန်းလုံလို့ ပြောခဲ့ပါတယ်။ သွမ့်ထျန်းလုံဟာငွေသန္တာကျောက်ဆိုတဲ့ ရှေးဟောင်းရတနာတစ်ခုကိုပဲ အဓိက ရှာခဲ့တာဖြစ်ပြီးတစ်ဖက်မှာလည်း ဂျပန်လူမျိုးတွေက သူဌေးရှန်ဆီကနေငွေသန္တာကျောက်ကို တန်ဖိုးကြီးကြီး ပေးဝယ်လိုကြောင်း ကမ်းလှမ်းလာခဲ့ပါတယ်။အဲဒီ ငွေသန္တာကျောက်ကို ဘာဖြစ်လို့ လူအများက လိုချင်နေကြသလဲ……ငွေသန္တာကျောက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ……ဖန်းကျားမင်ကရော ဒီကိစ္စတွေထဲကို ဘယ်လို ဝင်ပါမိသွားသလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။