Warfare FHD

Warfare

Action War FHD 2025-04-09 7.1 96 Min

A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ..အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့်စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ဒါရိုက်တာက Ex Machina၊ Annihilation၊Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza ကနေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကိုအခြေခံထားတဲ့ရာမဒီ၊ အီရတ်မှာ ရန်သူတွေအများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ်တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။တကယ်ပါဝင်ခဲ့သူတွေကိုပါအင်တာဗြူးပြီးဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက်ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော်အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါနာမည်အများစုကတော့ နာမည်လွှဲတွေပဲဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Millerဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။စစ်ကားကောင်းရှားနေတဲ့အချိန်မှာရွှေထွက်လာတာပါပဲ။ကြည့်လိုက်ကြပါ………..