Beautiful Audrey HD

Beautiful Audrey

Drama Family HD 2024-10-24 6.5 100 Min

ဘယ်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ လူတိုင်းကို တန်းတူညီမျှဆက်ဆံပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် သားသမီးတစ်ယောက်နဲ့အထက် မွေးထားတဲ့မိသားစုတွေမှာပေါ့။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ မိခင်ဖြစ်သူ အိုမီယွန်းမှာ သားဖြစ်သူ ဂန်ဂီဟွန်း နဲ့သမီးဖြစ်သူ ဂန်ဂျီအွန်းဆိုပြီး သားသမီးနှစ်ယောက်ရှိတယ်။ပညာရေးမှာလည်း ထူးချွန်ထက်မြက်သလို သားကြီးဩရသလည်းဖြစ်တဲ့ ဂီဟွန်းကို မိခင်ဖြစ်သူကသည်းသည်းလှုပ်ပဲပေါ့။ မောင်နှမနှစ်ယောက်ကိုတမင်ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမဲ့ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ အရာရာ သားဖြစ်သူကိုပဲ ဦးစားပေးမိတဲ့အခါသမီးငယ် ဂျီအွန်းရဲ့ စိတ်ထဲမှာ “မိသားစုက သူ့အစ်ကိုကိုပဲဦးစားပေးတယ်” ဆိုတဲ့ စိတ်ဒဏ်ရာကတစ်စတစ်စ ကြီးထွားလာပါတော့တယ်။ဒီလိုနဲ့ အရွယ်လေးရောက်လာကြတော့ အစ်ကိုဖြစ်တဲ့ ဂီဟွန်းက အမေနဲ့အတူတူ မွေးရပ်မြေမှာခေါက်ဆွဲဆိုင်လေးဖွင့်ထားပေမဲ့ဂျီအွန်းကတော့ ဝါသနာပါရာ အိုင်ဒေါအလုပ်ကိုလုပ်ဖို့အိမ်ကနေထွက်သွားပြီး မိသားစုကိုပါ သံယောဇဥ်ဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ကျ မိခင်ဖြစ်သူ အိုမီယွန်းတစ်ယောက် အယ်ဇိုင်းမားဆိုတဲ့မှတ်ဉာဏ်တွေဆုံးရှုံးရတဲ့ ဝေဒနာဆိုးကြီးကို ခံစားလိုက်ရတဲ့အခါမှာ ..။ Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်လှတာကြောင့်Weak Hero Class, Love Song forIllusion, Flower Crew: Joseon Marriage Agency စတဲ့ဇာတ်ကားကောင်းတွေမှာပါဝင်ခွင့်ရရှိပြီး အောင်မြင်မှုတွေရရှိထားတဲ့ Park Ji Hoon ရဲ့နောက်ထပ်ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်တခြား main cast တွေအနေနဲ့ မင်းသမီးကြီး Kim Jung Nan နဲ့ Kim Bo Young တို့ကလည်းအဓိက ပါဝင်သရုပ်ဆောင်ပေးထားတာမို့ ဒရာမာချစ်သူတွေတစ်ရှူးဆောင်ပြီးကြည့်သင့်တဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။