ဒီဇာတ်ကားက Casino Raiders ကားတွေရဲ့ ဆက်စပ်လို့ဆိုပေမဲ့ ဇာတ်လမ်းသွားရော ဇာတ်ကောင်တွေပါ မတူတဲ့နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အမေရိကန်ကနေ မကာအိုကို ဖိတ်ခေါ်ပြိုင်ပွဲအတွက် ရောက်ရှိလာတဲ့ ဖဲဝိဇ္ဇာ ရေးတစ်ယောက်လူလိမ်၂ယောက်နဲ့တိုးကာ ပြိုင်ပွဲအတွက် သူယူလာခဲ့တဲ့အမေရိကန်ဒေါ်လာတွေ အကုန်အလိမ်ခံလိုက်ရပါတယ်။အဲဒီပိုက်ဆံတွေကို လိမ်သွားတဲ့ လူလိမ်၂ယောက်က ရေးနေရာကိုပါ အစားဝင်ပြီးပြိုင်ပွဲဝင်ပြိုင်ဖို့ ကြံနေခဲ့တာပါ။ဒါပေမဲ့ သူတို့ပြိုင်ရမယ့်ပွဲကို ဦးစီးမယ့် ကာစီနိုရုံမိသားစုအတွင်းရေးက ထင်ထားသလောက် မရိုးရှင်းနေတဲ့အခါလူလိမ်၂ယောက်ရော လူလိမ်တွေကို လိုက်ဖမ်းတဲ့ရေးပါပဲလှော်ကြားဆားညပ်မလို အဖြစ်မျိုး ကြုံရပါတော့တယ်။အဲဒီအခြေအနေကနေ သူတို့ဘယ်လိုရုန်းထွက်နိုင်မလဲ။လူလိမ်၂ယောက်ကိုရော ရေး ပညာပေးနိုင်မှာလားဆိုတာကြည့်ရှုသွားရမှာဖြစ်ပါတယ်။