ဒီဇာတ်ကားက ပထမ Casino Raidersနဲ့ ဇာတ်လမ်းသွားလုံးဝမတူဘဲ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို ပြောင်းလဲထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမကားက Andy Liuကပဲ ဒီဇာတ်ကားမှာတော့Chicken Feetဆိုတဲ့ ဇာတ်ရုပ်နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကစ်နဲ့ Chicken Feetဆိုတဲ့ ညီအစ်ကိုဖဲဝိဇ္ဇာ၂ယောက်နဲ့သူတို့ရဲ့ကျေးဇူးရှင် အန်ကယ်ဖန်းဆိုတဲ့သင်္ဘောကာစီနိုသူဌေးတို့ကို ဂျိမ်းစ်ဆိုတဲ့ တိုင်းတပါးသားဖဲဝိဇ္ဇာနဲ့ သူ့ဂိုဏ်းကအကောက်ကြံလိုက်လို့ ကစ်ကလည်းထောင်ကျသွားသလို အန်ကယ်ဖန်းလည်း ပိုင်ဆိုင်ခဲ့သမျှအရာအားလုံးဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်တို့ကမကျေနပ်နိုင်ဘဲ အားလုံးကို အပြစ်ရှင်းပစ်ဖို့လုပ်လာလို့သူတို့ကို လက်စားချေဖို့ Chicken Feetနဲ့ ကစ် ညီအစ်ကို၂ယောက်ကြိုးစားရင်း ဘယ်သူတွေ စတေးရမလဲ ဘာကိုထပ်ပြီးဆုံးရှုံးရဦးမလဲဆိုတာ ကြည့်ရမှာပါ။