ဒီဇာတ်ကားက ဟောင်ကောင်အက်ရှင်ကားတွေရဲ့ ရွှေခေတ်ကာလကဇာတ်ကားဖြစ်ပြီး Andy Lauနဲ့ Alan Tam လိုမျိုးအဲဒီခေတ်ရဲ့ တကယ့်ဂေါင်မင်းသားကြီးတွေ ပါဝင်ထားတဲ့ဖဲဝိဇ္ဇာဇာတ်ကားပဲဖြစ်ပါတယ်။ Ratingတွေအနေနဲ့လည်းIMDb 6.7, RT 66%နဲ့ အတော်လေးကို rating ကောင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖဲဝိဇ္ဇာဘော်ဒါ ၂ယောက်ဖြစ်တဲ့ဆမ်နဲ့ ကရတ်တို့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကသူတို့ရဲ့မိတ်ဆွေ ကာစီနိုရုံမန်နေဂျာကဖဲလိမ်ရိုက်ခံနေရတဲ့ဖြစ်ရပ်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ ခေါ်ရင်း လက်သည်အစစ်တွေဖြစ်တဲ့ ဂျပန်ဖဲဝိဇ္ဇာတွေကို ဖော်နိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ အဲဒီ ဖဲဝိဇ္ဇာတွေက ရိုးရိုးလူတွေမဟုတ်ဘဲ ဂျပန်လူမိုက်ဂိုဏ်းကလွှတ်ထားတဲ့သူတွေဖြစ်နေလို့ သူတို့ကိုဖော်လိုက်တဲ့ ကရတ်တို့နှစ်ယောက်ကို အငြိုးထားရင်းနဲ့သူတို့နဲ့ သူတို့ချစ်ရတဲ့လူတွေရဲ့ အသက်ကို ရန်ရှာဖို့အထိလုပ်လာတဲ့အခါ ဆမ်နဲ့ ကရတ် ဂျပန်တွေရဲ့ရန်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။