ဂလန်းစာတိုက်ရုံးဟာ စာပေးစာပို့လုပ်ငန်းတွေလည်းလုပ်သလို ပို့ရမဲ့လိပ်စာပျက်စီးနေတဲ့စာတွေ၊ ပိုင်ရှင်မဲ့ပစ္စည်းတွေကိုလည်း ပိုင်ရှင်လက်ထဲရောက်အောင်ပို့ပေးဖို့ တာဝန်ယူထားပါတယ်။ဂျက်စပါကတော့ စာတိုက်ရုံးကို ရောက်လာသမျှပျောက်ဆုံးပစ္စည်းတွေကို ပိုင်ရှင်ရှာပြီးပို့ပေးတဲ့နေရာမှာရုံးရဲ့ အဓိက အားကိုးရတဲ့သူပါ။တစ်ရက်မှာတော့ သော့ခတ်ပြီးပိတ်လှောင်ခံထားရတဲ့လူတစ်ဦးအကူအညီတောင်းတဲ့စာက ဂျက်စပါတို့ရဲပျောက်ဆုံးစာ ရုံးခန်းကို ရောက်လာပါတော့တယ်။တခြားသူတွေကတော့ အမှုမဲ့အမှတ်မဲ့သဘောထားလိုက်ပေမဲ့ဂျက်စပါတစ်ယောက် ဒီ စာရဲ့ အရင်းမြစ်ကိုစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ …