အီတလီ ရဲဟာသဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီယိုနဲ့ပယ်ရာဒိုသူငယ်ချင်းနှစ်ယောက်က ဘာအမှုလိုက်လိုက်အဆင်မပြေဘူးဆိုပေမယ့် နာမည်ကြီးလူဆိုးကြီးစကန်နာပီကိုလိုဖမ်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲနှစ်ယောက်လုံးကို တွဲဖက်အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ဒါပေမယ့်ဘယ်နေရာမဆိုတလွဲပဲအမြဲလုပ်တတ်တဲ့ဒီနှစ်ယောက်ကိုတာဝန်ချပေးရတဲ့ ခေါင်းဆောင်ဘယ်ဒါဆာရီကသူတို့ကြောင့် အမြဲခေါင်းကိုက်နေရတယ်။ဘယ်လောက်တောင် တလွဲလုပ်လဲဆိုရင်သူတို့လုပ်သမျှကိုပြောင်းပြန်လိုက်လုပ်ရင် အမှုကိုဖြေရှင်းပြီးသားဖြစ်ပါတယ်။အဲလောက်ကိုလွဲတာပါ။ရဲဌာနမှာလည်းအလှောင်အပြောင်ခံရဲအရာရှိနှစ်ယောက်ပေါ့။အခုလိုဖြစ်နေတာကိုအန်တိုနီယိုကမကျေနပ်ပါဘူး။နာမည်ကြီးဆုံးအမှုကိုဖြေရှင်းနိုင်ရင်သူတို့ဒီဘဝကကျွတ်ပြီလို့တွေးမိရင်း သူငယ်ချင်းနှစ်ယောက်အကြီးဆုံးအမှုဖြစ်တဲ့ဩဇာရှိသူဌေးမာဆလာရဲ့အမှုကိုစတင်စုံစမ်းကြပါတော့တယ်။