ဒီကားကိုတော့ ဒါရိုက်တာ Sophie Osbourne ရိုက်ကူးထားပြီး Becca Hirani, Louis James , StephanieLodge တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားကတော့ မိသားစုဇာတ်လမ်းအမျိုးအစားဖြစ်ပြီးဗွိုင်းအိုးလက်ဆိုတဲ့ ကောင်မလေးအကြောင်း ရိုက်ကူးထားတာပါ။ဗွိုင်းအိုးလက်ဟာ အဖေနဲ့ အမေ မတော်တဆမှုကြောင့်သေဆုံးပြီးနောက်မှာ ဦးလေးဖြစ်သူ ပီတာရဲ့ မိသားစုနဲ့အတူနေဖို့အတွက်ရွာလေးတစ်ရွာကို ရောက်လာခဲ့ပါတယ်။စိတ်ထိခိုက်နေတဲ့ ဗွိုင်းအိုးလက်ဟာ စကားလည်းမပြောတော့သလို မိသားစုအသစ်နဲ့ အသားကျဖို့လဲခက်ခဲနေခဲ့ပါတယ်။ဒီလိုနဲ့ စိတ်ပြေလက်ပျောက် တောအုပ်ထဲကိုလျှောက်သွားရင်းကနေ ယူနီကွန်းတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ဝမ်းကွဲတွေဖြစ်တဲ့ နိုအာနဲ့ လီလီတို့ပါ ယူနီကွန်းအကြောင်းသိသွားတဲ့နောက် ကလေးသုံးယောက်က လျှို့ဝှက်ချက်အဖြစ်ထားခဲ့ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာ တောအုပ်ကို ဝယ်ပြီး ဖျက်ဆီးမယ့်သူပေါ်လာတဲ့အခါ ကလေးသုံးယောက်က တောအုပ်ကိုကာကွယ်ပြီး ယူနီကွန်းကို ကွယ်ဝှက်ပေးထားဖို့ ဖြစ်လာပါတယ်။ဒီလိုနဲ့သူတို့ကြိုးပမ်းမှုမှာ မိဘတွေပါ ပါဝင်လာတဲ့အခါ…..တစ်ဖက်လူရဲ့ ဖိအားနဲ့ ခြိမ်းခြောက်မှုတွေကြားမှာ သူတို့တောအုပ်နဲ့ ယူနီကွန်းကို တကယ်ပဲ ကာကွယ်နိုင်သွားမှာလားဆိုတာကို ဒီဇာတ်ကားလေးထဲခံစားကြည့်ရှုရမှာပါ။