ဇာတ်လမ်းအကျဉ်းကတော့ တရုတ်နိုင်ငံတော်လှန်ရေးခေတ်ကိုအခြေခံထားတာဖြစ်ပါတယ်။စစ်ဘုရင်တွေဟာ နယ်မြေအသီးသီးမှာအုပ်စိုးနေပြီးတော့နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်ဖြစ်မှာ ဓားပြတွေဟာသောင်းကျန်းနေပါတယ်။ဖြောင့်မတ်တဲ့လူတစ်ယောက်ဟာ ပြည်သူတွေအားလုံးဘက်မှာရပ်တည်ပြီးတော့ဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဓားပြတွေရဲ့ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့မင်္ဂလာဦးညမှာသူ့ကိုသတ်ပေးဖို့ သိုင်းလောကသားတစ်ယောက်ကိုအလုပ်အပ်ခဲ့ပါတယ်။ဒီမိန်းကလေးလက်ထပ်ရမယ့်သူဟာ ဓားပြခေါင်းဆောင်ကြီးရဲ့သားဖြစ်နေတဲ့အခါ ငြိမ်သက်နေခဲ့တဲ့အတိတ်ကအရိပ်တွေဟာပြန်လည်ပေါ်လာပြီးတော့ လက်စားချေဖို့အခွင့်အရေးပေါ်လာပါတယ်။မိဘနဲ့မိသားစုအတွက် လက်စားချေဖို့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ်