အချစ်ဟာ ဖန်တီးလုပ်ယူလို့လည်းမရသလို ဖျက်ဆီးလို့လည်းမရပါတဲ့။ အဲဒါကြောင့်ပဲ လူမှန်ပေမဲ့ တွေ့ဆုံချိန်မှားယွင်းတဲ့အခါ လူနှစ်ယောက်ဟာ လွဲချော်တတ်ကြပါတယ်ရှီရင်နဲ့အာလီယာမန်ဟာမိဘချင်းရင်းနှီးကြလို့ နွေကျောင်းပိတ်ရက်တိုင်း ကျွန်းလေးတစ်ခုပေါ် တွေ့ဆုံလေ့ရှိပါတယ်ငယ်စဉ်ကလေးဘဝမှာတော့ ခံစားချက်တွေက ရိုးရှင်းဖြူစင်ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ အခြားခံစားချက်အငွေ့အသက်လေးတွေ ရိပ်သန်းလာပါတယ်မျိုသိပ်မထားနိုင်တော့တဲ့ အာလီယာမန်တစ်ယောက် တစ်နေ့ကျ ဖွင့်ပြောလာချိန်မှာတော့ရှီရင်ပေးတဲ့အဖြေက “တစ်နေ့နေ့ ဖြစ်နိုင်မှာပါ” တဲ့ရှီရင်က ပန်းချီပညာရှင်တစ်ဦးဖြစ်ချင်ပြီး ကမ္ဘာအနှံ့ခြေဆန့်ချင်သူမို့သူအခုချိန် ဒါကိုမစဉ်းစားနိုင်သေးပါလို့ ပြန်ပြောလာပါတယ်ဒီလိုနဲ့သူတို့ ဘဝအသီးသီးဖြတ်ကျော်လို့ မတွေ့ဆုံရတာကြာမြင့်လာချိန်မှာတော့အာလီယာမန်ဟာ လက်ထပ်ဖို့ဖြစ်လာပါတော့တယ်ဒါပေမဲ့မင်္ဂလာဆောင်လုဆဲဆဲအခြေအနေမှ သူသိလာရတာကတော့ ရှီရင်ကို သူလက်မလွှတ်နိုင်သေးတာပါအဲဒီလိုနဲ့ သတို့သမီးကိုထားခဲ့လို့ ရှီရင်ဆီပြေးသွားပါတော့တယ်အဲဒီအချိန်မှာ ကောင်လေးရှိနေတဲ့အပြင်သူ့ဘဝသူရပ်တည်နေပြီဖြစ်တဲ့ရှီရင်ကို တွေ့လိုက်ရချိန်မှာတော့………………………………………………………….Friend Zone, Love Rosie, The Summer I Turned Pretty တို့လို themeလေးတွေသဘောကျတတ်တဲ့သူတွေအကြိုက်တွေ့မယ့် တူရကီအချစ်ဇာတ်လမ်းလေးမို့ ရှီရင်နဲ့အာလီယာမန်တို့ ဘယ်လိုဆက်ဖြစ်သွားမလဲသူတို့ခံစားချက်တွေကို ဘယ်လိုဖော်ပြ ကိုင်တွယ်သွားမလဲဆိုတာကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ