Housefull 3 FHD

Housefull 3

Comedy Romance FHD 2016-06-03 5.1 140 Min

Housefull 3 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull နှင့် Housefull 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။Housefull 3 ဇာတ်ကားသည် ဖခင်တစ်ဦး၏ သမီးသုံးဦးအပေါ်ထားရှိသည့် လွန်ကဲ သည့်မေတ္တာကြောင့် သမီးသုံးယောက်ကို အိမ်ထောင်ဖက်မပေးစားလိုဘဲ ကလေးငယ်များကဲ့သို့ ရင်ဝယ်သားလိုစောင့်ရှောက်လိုသည့် ဖခင်နှင့် သမီးသုံးယောက်အား ချစ်ကြိုက်နေသည့် အမျိုးသားသုံးယောက်တို့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားသော ဘောလိဝုဒ်အချစ်ဟာသဇာတ်မြူးကားတစ်ကားဖြစ်သည်။ဇာတ်လမ်းအနေဖြင့် ချောမောလှပသည့် သမီးသုံးယောက်ပိုင်ဆိုင်ထားသည့် ဖခင် တစ်ဦးမှာ သမီးငယ်များအား အိမ်ထောင်ဖက်ပေးစားလိုခြင်းမရှိပေ။ သမီးများ၏ ရည်းစား ဖြစ်သူအမျိုးသားသုံးယောက်မှာနည်းလမ်းမျိုးစုံဖြင့် ၎င်းတို့၏အိမ်တွင်းသို့ဝင်ရောက်ကာ သမီးများ၏ အသင့်တော်ဆုံးဖြစ်သည့် သတို့သားများဖြစ်ကြောင်း သက်သေပြကြရသည်။နောက်ဆုံးမှာ ဖခင်၏ စိတ်ရှုပ်ထွေးမှုများနှင့် သတို့သားလောင်းများ၏ လိမ်လည်မှုများကို ဟာသနှောကာ ရိုက်ကူးထားသည့် အိန္ဒိိယဘောလိဝုဒ် အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။