ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Romance ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Terry Ingram က ရိုက်ကူးထားပြီးတော့Erin Cahill, Erik Valdez, Isabelle Brès,Pep Tosar နဲ့ Solal Bellaiche တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အလုပ်မှာ ရာထူးတိုးမရသွားလို့ စိတ်ဓာတ်ကျနေတဲ့ Monica ဟာစိတ်ပြေလက်ပျောက်ဖြစ်သွားဖို့အတွက် စပိန်နိုင်ငံက Caminode Santiago ဘာသာရေးလမ်းလျှောက်ခရီးစဉ်ကိုသွားပါတယ်။ အဲဒီမှာ ခရီးသွားဖော်ခရီးသွားဖက် Luis နဲ့တွေ့သွားပြီးတော့ သူတို့နှစ်ယောက်ခရီးစဉ်တစ်လျှောက်အမှတ်တရတွေဖန်တီးရင်း အချင်းချင်းရင်းနှီးသွားပြီးချစ်ကြိုက်သွားကြပုံကို ကြည်ရှုကြရမှာပါ။ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းသက်သက်တင်မဟုတ်ဘဲ ဘဝရဲ့ပျော်ရွှင်မှု၊ဘဝရဲ့ရည်ရွယ်ချက်နဲ့ကိုယ့်နှလုံးသားနောက်ကိုလိုက်ဖို့အတွက် လိုအပ်တဲ့သတ္တိကို ဘာသာရေးနဲ့ရှာဖွေကြပုံကို ကြည်နူးဖွယ်ရိုက်ကူးထားပါတယ်။ဇာတ်လမ်း setting ချထားတဲ့နေရာက အရမ်းလှပြီးတော့ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။