ပိတ်ရက်ရှည်မှာ ခြောက်ခြားစရာကောင်းတဲ့ Horrorကားကောင်းကောင်း ကြည့်ချင်မယ့် CM ပရိသတ်တွေအတွက် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Jump Scare တွေ အတော်များများပါပြီး အသံ၊ အလင်းအမှောင်တွေက လုံးဝကို Creepy Vibe ကို ပေးနိုင်တဲ့ဇာတ်ကားပါ။ကြောက်တတ်ရင် အနားမှာ အဖော်ခေါ်ထားပြီး ကြည့်ဖို့အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်ပရိဘောဂလက်သမား အဖြစ် လုပ်ကိုင်တဲ့ အာဒမ်နဲ့ သူတို့ မိသားစုဟာဖောက်သည်ရှားပါးမှုနဲ့အတူ တဖြည်းဖြည်း စီးပွားကျဆင်းလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ အာဒမ်ဇနီး အယ်ဗလင်းရဲ့ဝမ်းကွဲညီမလင်မယား သေဆုံးပြီးတော့ အမွေဆက်ခံမယ့်သူမရှိတာကြောင့် သူတို့မိသားစုဆီကို အမွေဆက်ခံဖို့လမ်းကြောင်း ပေါ်လာပါတယ်။ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အာဒမ်က ဝမ်းသာနေပေမယ့်လည်းအယ်ဗလင်းကတော့ စိတ်မသိုးမသန့်ဖြစ်နေတာမို့ အဲဒီအိမ်ကို သွားဖို့ တွန့်ဆုတ်နေခဲ့တာပါ။ခင်ပွန်းသည်ရဲ့ ဇွတ်အတင်း တိုက်တွန်းမှုကြောင့် အမွေခံအိမ်နဲ့ ပစ္စည်းတွေကို ရောင်းချနိုင်ဖို့အတွက်မိသားစုလိုက်ခေတ္တပြောင်းရွေ့လာခဲ့ကြပါတယ်။သူတို့တွေ့လိုက်ရတာက အိမ်ကြီးထဲမှာ များပြားလှတဲ့ပန်းချီကားတွေကို ချိတ်ဆွဲထားပြီးတော့ ဒီပန်းချီကားတွေကဒီအိမ်ကြီးရဲ့ သမိုင်းကြောင်း ကျိန်စာနဲ့ဆက်စပ်နေတယ်ဆိုတာပါပဲ။ ဒီပန်းချီကားတွေက ဘယ်လိုမျိုး သက်ဝင်လှုပ်ရှားနေကြတာလဲ…သူတို့မိသားစုကရော ဒီကျိန်စာကနေ လွတ်မြောက်ပါ့မလားဆိုတာကိုတော့…။