Everybody Loves Touda HD

Everybody Loves Touda

Drama Music HD 2024-12-18 6.5 102 Min

မော်ရိုကိုမြေပြန့်ဒေသက ”ရှီးခတ်”လို့ကျော်ကြားကြတဲ့ ရိုးရာတေးဆိုကြတဲ့ အဆိုတော်လူမျိုးတွေကနေဆင်းသက်လာတဲ့”တူဒါ” ဆိုတဲ့ အမျိုးသမီး။အသက်မွေးကြောင်းအရ ဘားတွေမှာ တင်လှုပ်ရင်လှုပ်ထိကပါးရိကပါးခံပြီး သီချင်းဆိုဖျော်ဖြေရပေမဲ့ သူ့ရဲ့အိပ်မက်က သူတို့ရိုးရာ ”အိုက်တာ”သီချင်းနဲ့ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာဖို့ ။သူ့ဘဝကို ဘားအဆိုမယ်အဖြစ်နဲ့မ​​ပျော်ပိုက်တဲ့ မာနခဲပေါ့ရိုးရာတေးတွေကိုနေရာမပေးကြတော့တဲ့ခေတ်မှာ အရည်အချင်းရှိပေမဲ့ အသိအမှတ်မပြုခံရတော့ သူဟာမြို့ကြီးကိုတက်ပြီး နေရာရဖို့ ကြိုးစားပါတော့တယ်။သူကိုယ်တိုင်စာမတတ်တော့သူ့ရဲ့ဆွံ့အနားမကြားသားလေးကို စာတတ်​အောင်သင်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီးရည်မှန်းချက်ကြီးတဲ့အမျိုးသမီးပေါ့..ဒီဇာတ်ကားက သူမရဲ့ဘဝကြမ်းတမ်းပုံတွေ ရုန်းကန်ရပုံတွေကိုရိုးရိုးလေးနဲ့ရိုက်ပြထားပြီး သရုပ်ဆောင်မင်းသမီးရဲ့ ကာရိုက်တာကိုပုံဖော်တဲ့နေရာမှာအမူအရာကအစ အတော့်ကိုသဘာဝကျကျ သရုပ်ဆောင်ထားတာကိုမြင်ရမှာပါ။ခံစားတတ်တဲ့သူတွေအတွက်ကြည့်ရတာတန်မဲ့ကားကောင်းလေးတစ်ကားပါပဲ။