ဆက်ဒရစ်လေးဟာ မုဆိုးမဖြစ်သူအမေရယ် သူ့ကိုမွေးပေးခဲ့တဲ့၀မ်းဆွဲသည်ရယ်နဲ့ အမေရိကားက လူပေါင်းစုံတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာနေတယ်။တစ်နေ့မှာတော့ သူ့ဘ၀ကိုပြောင်းသွားစေမဲ့ အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာတယ်။ ဆုံးပါးသွားတဲ့သူ့အဖေဟာ အင်္ဂလန်ကမင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့သားဖြစ်တာကြောင့် အဖိုးဖြစ်သူ အမတ်ကြီးက မျိုးရိုးကိုဆက်ခံဖို့ ဆက်ဒရစ်ကို ခေါ်လာခိုင်းလိုက်တာဖြစ်တယ်။ နိုင်ငံလည်းမတူ တစ်ခါမှလည်း မတွေ့ဖူးတဲ့အဖိုးဟာ သူ့အမေကို ကြည့်မရလောက်အောင်မုန်းနေမှန်းလည်းမသိဘူး အင်္ဂလန်ကိုလိုက်သွားရတယ်။ အဖိုးဖြစ်သူကရော သူ့ကို လက်ခံနိုင်ပါ့မလား ချစ်မြတ်နိုင်းနိုင်ပါ့မလား ကြည့်ရှုလိုက်ကြပါဦး။