မလေယာလမ်းဇာတ်ကားတွေက အစပိုင်းမှာ အေးပေမဲ့ နောက်ပိုင်းရောက်လာလေထိုင်ရာကမထကြည့်ချင်လေဆိုတာတော့ မလေယာလမ်းပရိသတ်တို့ သိကြမှာပါ ဒီဇာတ်ကားမှာလည်းအစပိုင်းမှာတော့ ဖြည်းဖြည်းချင်းသွားပေမဲ့ ဇာတ်ရှိန်မြင့်လာလေ ဆွဲထုတ်မိတဲ့အစပေါင်း များလာလေပါပဲ ရှင်တိုနဲ့ ဘင်တိုဆိုတဲ့ ညီအစ်ကို၂ယောက်.. ရှင်တိုကတော့ အကြီးပီပီ လုပ်တတ်ကိုင်တတ် တာဝန်ယူတတ်ပြီးမိသားစုရဲ့အားထားရာပေါ့ ဘင်တိုကတော့ အလုပ်မရှိ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့အလေလိုက် ရန်ပွဲတွေဖြစ်နဲ့ညီအစ်ကိုပေမဲ့ မိုးနဲ့မြေလောက်ကွာနေပါတယ် တစ်နေ့ ကျ ရုတ်တရက် ရှင်တိုပျောက်သွားပါတယ် ဖုန်းဆက်မရ လူလည်းမတွေ့ရလို့ ရှင်တို့ သူငယ်ချင်းက ဘင်တိုကိုဖုန်းဆက်ပြီး ကိုချီကိုတက်လာခဲ့ဖို့ပြောပါတယ်ဒီလိုနဲ့ ၂ယောက်သားပူးပေါင်းပြီး ရှင်တိုကိုရှာမဲ့ခရီးစဉ် စတင်ပါတော့တယ် ဒီခရီးတစ်လျှောက် သူတို့၂ယောက်ဘာတွေအစဆွဲထုတ်မိမလဲ သူ့အစ်ကိုကရော ဘာဖြစ်လို့ပျောက်သွားတာလဲ ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်