Thriller ကို comedy အနှောနဲ့ မပျင်းရအောင် ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကိုတော့ အဓိကသရုပ်ဆောင်အနေနဲ့Emmy Raver-Lampman (ဆမ်) ၊Jim Mahoney(ပေါလ်)၊ Jon Bass (ကလစ်ဖ်)၊ Sarunas J. Jackson (ထရိုင်) Shelley Hennig (အဲလစ်) တို့က သရုပ်ဆောင်ထားပါတယ်။ သူငယ်ချင်းဟောင်းတွေ တစ်ညတာပြန်လည်ဆုံစည်းပြီးဂိမ်းဆော့ကြပေမဲ့ သူတို့ကစားတဲ့ဂိမ်းက သာမန်မဟုတ်နေခဲ့ပါဘူး။ Gatlopp ဆိုတဲ့ မြွေနဲ့လှေကားလိုဂိမ်းကအံစာတုံးပစ်၊ ကတ်တွေထဲမေးခွန်းတွေကိုဖြေရတဲ့ ရိုးရိုးဂိမ်းလို့ထင်ရပါတယ်။ ဒါပေမဲ့ တစ်ယောက်ပြီး တစ်ယောက်ရဲ့လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းဖော်ထုတ်လာပြီးအချင်းချင်းကြားက ကိစ္စတွေကို ပိုကောင်းစေမှာလားပိုဆိုးစေမှာလား မသဲကွဲတဲ့အဖြစ်အပျက်တွေကြုံရပါတော့တာပါပဲ ဂိမ်း type မျိုးကိုသဘောကျပြီး supernatural၊ပေါ့ပေါ့ပါးပါး စိတ်လှုပ်ရှားရတာမျိုး ကြိုက်တတ်တဲ့သူဆိုရင် သေချာပေါက်အကြိုက်တွေ့မဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါပဲ။ rating လည်း 6.4 ရရှိထားပါတယ်။