2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ သရဲကား Foreclosure ရဲ့ အဆက်မဟုတ်ပေမဲ့ ဒါရိုက်တာတူဇာတ်လမ်းဆင်တဲ့ Foreclosure 2 ကို ဟော်ရာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Foreclosure ကို အနီးစပ်ဆုံးဘာသာပြန်ရမယ်ဆိုရင်တော့ အပေါင်ဆုံးတာလို့ အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ဒီForeclosure 2 ဟာလည်း သူ့ရဲ့ ပထမကားလိုပါပဲ သမီးရည်းစားတစ်တွဲ စုထားဆောင်းထားသမျှငွေလေးတွေနဲ့အိမ်ဝယ်ဖို့လုပ်ရင်း သရဲခြောက်ဖူးတဲ့အိမ်တစ်အိမ်ကို သွားရှာတွေ့ပါတယ်။သရဲခြောက်ဖူးတယ်ဆိုတာက အရင်က သရဲခြောက်တယ်လို့နာမည်ကြီးပြီး အခု သရဲမခြောက်တော့တာကိုခေါ်တာပါ။သူတို့ကို ပွဲစားက အဲဒီလိုအမှန်အတိုင်းပြောရောင်းပေမဲ့ သရဲဇာတ်လမ်းတွေကို စာအုပ်ရေးဖို့ကြိုးစားနေတဲ့မင်းသမီးဖြစ်သူက သရဲတွေနဲ့ ကြုံရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ရည်းစားသဘောမတူတဲ့ကြားကအဲဒီအိမ်ကြီးကို အတင်းဝယ်လိုက်တဲ့အခါမှာတော့.. သရဲတွေနဲ့ တွေ့ရမှာလား..ဘယ်လိုအဖြစ်တွေနဲ့ကြုံတွေ့ရမှာလဲ..ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ခြောက်ခြားဖွယ်ရာ တွေ့မြင်ကြရမှာပါ…။