Girl in the Sunny Place HD

Girl in the Sunny Place

Drama Fantasy Romance HD 2013-10-11 6.732 128 Min

2011 ခုနှစ် ဆယ်ကျော်သက်ဂျပန်နှုတ်ခမ်းနီမလေးတွေကြားမှာ နံပါတ်တစ်ချိတ်ခဲ့တဲ့နာမည်ကြီးဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ အရမ်းကောင်းတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။Cast‌ တွေကလည်း 2013 ခုနှစ်မှာပဲ ဒီဇာတ်ကားနဲ့ best couple awardရထားတဲ့အထိchemistry မိထားတဲ့ ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် မင်းသားရော မင်းသမီးရောနာမည်ကြီးတွေဆိုတော့ ရှုစားသင့်တဲ့ ရုပ်ရှင်ကောင်းလေးတစ်ကားပါပဲ။မာအိုနဲ့ခိုဆုခဲတို့နှစ်ယောက်က ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်ကငယ်ချစ်ဦးတွေပေါ့။ ဒါပေမဲ့ အချစ်ဦးဆိုတာ အဆင်မပြေကြဘူးဆိုတဲ့အတိုင်းပဲခိုဆုခဲတစ်ယောက် ကျောင်းပြောင်းသွားချိန်မှာတော့ သူတို့နှစ်ယောက် လမ်းခွဲရင်းအချစ်ဇာတ်လမ်းလေးလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။ဒါပေမဲ့ ဆယ်နှစ်အကြာမှာ အလုပ်မှာ မာအိုနဲ့ပြန်ဆုံချိန်မှာတော့..တစ်ချိန်က ကျောင်းရဲ့အပယ်ခံမာအိုဟာ အခုချိန်မှာတော့ သိပ်ကိုလှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။အချစ်ဦးဆိုတာ နှစ်ပေါင်း 100 ထိ မမေ့နိုင်ဆိုတဲ့အတိုင်းပဲ ခံစားချက်တွေလည်း လတ်ဆတ်နေဆဲမို့လို့ဆယ်စုနှစ်အကြာမှာ အချစ်တွေကိုပြန်လည်အသက်သွင်းရင်း လက်ထပ်ကြဖို့ပြင်ဆင်ချိန်မှာမာအိုရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ခိုဆုခဲတစ်ယောက် သိလိုက်ရချိန်မှာတော့….