ယူဂျီရို တာမူရာ နဲ့ ဟီယောရိတို့က အိမ်ထောင်သက် ၄နှစ်ရှိတဲ့ လင်မယားတွေဖြစ်ပြီးလူအများအမြင်မှာ အေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားလို့ အများကအားကျတာကိုခံနေရတဲ့ အိမ်ထောင်သည်တွေဆိုရင်လည်း မမှားပါဘူး။ဒါပေမဲ့ အိမ်ထောင်သက် နှစ်တွေရှည်လာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက်အဆိုးမြင်တာတွေ တစ်ဖက်လူရဲ့အမြင်ကို လျစ်လျူရှုမိတာတွေကနေတဆင့် အစိုင်အခဲတွေဖြစ်လာပြီး တဖြည်းဖြည်း စစ်အေးတိုက်ပွဲပမာ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟီယောရိရဲ့ သူငယ်ချင်းကပြောပြခဲ့တဲ့ ခင်ပွန်းသည် သေမင်းမှတ်စုဆိုတဲ့ website မှာချာလီဆိုတဲ့နာမည်နဲ့ သူ့ရဲ့ ယောက်ျားအပေါ် မကျေနပ်ချက်တွေကို ပေါက်ကွဲပါတော့တယ်။ယူဂျီရိုကလည်း အလုပ်က မိတ်ဆွေတစ်ယောက်ပြလို့ ခင်ပွန်းသည်သေမင်းမှတ်စုအကြောင်းသိသွားပြီးလူကြိုက်များနေတဲ့ ချာလီဆိုတဲ့စာရေးသူရဲ့စာတွေကို သိသွားပြီးတဲ့နောက် သတိထားမိလာရာကနေသူတို့အိမ်ထောင်ရေးက တဖြည်းဖြည်း ယိုယွင်းသထက် ယိုယွင်းလာခဲ့ပါတယ်။ဒီလိုယိုယွင်းနေတဲ့ အိမ်ထောင်ရေးကို သူတို့နှစ်ယောက်သား ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကြည့်ရှုအားပေးကြပါဦးနော်။