Exterritorial HD

Exterritorial

Action Thriller HD 2025-04-29 5 0 Min

ဆာရာဟာ ဂျာမန်စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဂျော့ရှ်ဆိုတဲ့ ခြောက်နှစ်အရွယ်သားလေးလည်း ရှိပါတယ်။သူမက အာဖဂန်နစ္စတန်စစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်ခဲ့ပြီး အဲမှာကြုံတွေ့ခဲ့တဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာရပြီး စိတ်ဖောက်ပြန်ချင်သလို ဖြစ်သွားခဲ့လို့စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီးပြန်သက်သာလာတာ မကြာသေးပါဘူး။တစ်နေ့မှာတော့ ဆာရာကို အမေရိကန်လုံခြုံရေးကုမ္မဏီကြီးက သူမရဲ့အတွေ့အကြုံကို သဘောကျလို့ အလုပ်ကမ်းလှမ်းလာတဲ့အခါ သူမဟာ အသစ်တဖန်စတင်ချင်တဲ့အတွက် အလုပ်ကိုလက်ခံဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ သူမဟာ ဂျာမန်မြေပေါ်က အမေရိကန်ကောင်စစ်ဝန်ရုံးကတစ်ဆင့် လေယာဉ်စီးရမှာမလို့ ကောင်စစ်ဝန်ရုံးကို သွားခဲ့ပါတယ်။အဲမှာ သူတို့ဟာလေယာဉ်ကို သုံးနာရီကြာအောင် စောင့်နေပေမဲ့လည်း မရောက်လာသေးတာနဲ့ ဂျော့ရှ်ကလည်း နားနေခန်းနားက ကလေးကစားခန်းကို တွေ့သွားခဲ့ပါတယ်။ဂျော့ရှ်က ကစားခန်းမှာ ကစားနေတုန်းဆာရာက ကော်ဖီသွားဝယ်ပြီး ပြန်လာတဲ့အခါမှာ ဂျော့ရှ်ဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ဒီတော့ ဆာရာဟာ သက်ဆိုင်ရာအရာရှိတွေကို အကူအညီတောင်းတဲ့အခါ အဲရစ်ကင့်ချ်ဆိုတဲ့အထက်အရာရှိက ဆာရာက ကောင်စစ်ဝန်ရုံးကို တစ်ယောက်တည်း လာခဲ့ကြောင်း၊ဂျော့ရှ် မပါလာခဲ့ကြောင်း အယုံသွင်းပြီး အတင်းအကြပ်ပြန်လွတ်ပါတော့တယ်။ဒီတော့ စိတ်ဖောက်ပြန်ဖူးတဲ့ဆာရာကတွေဝေသွားပေမဲ့လည်း သူ့သား ဂျော့ရှ်က ဒီအဆောက်အဦးအတွင်းမှာ ပျောက်သွားတာသေချာတဲ့အတွက်ကောင်စစ်ဝန်ရုံးက ပြန်လွတ်တာကို လက်မခံပဲ အခက်အခဲ အတားအဆီးတွေကြားက ဂျော့ရှ်ကိုဘယ်လိုရှာမလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ စိတ်ပူဖွယ် စောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။