ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီးမှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာစည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကိုကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို သတ်တယ်လို့ နတ်ဘုရားသုံးပါးကအထင်လွဲသွားခဲ့ပြီးနောက် ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ကို ပန်းချီကားထဲမှာချုပ်နှောင်ထားလိုက်ပါတော့တယ်။နှစ်ပေါင်း ၅၀၀ ကြာပြီးနောက် .. မှင်စာတွေပြန်လည်သောင်းကျန်းနေတဲ့ မျက်မှောက်ခေတ်မှာဂျိုဆွန်းခေတ်က မှော်ဆရာဖြစ်တဲ့ ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ဟာ ပန်းချီကားထဲကနေပြန်လွတ်လာတဲ့အခါမှာတော့….ဇာတ်အိမ်ဆန်းဆန်းလေးကိုမှ ရယ်မောရင်းကြည့်ရှုရမဲ့ ဒီဇာတ်ကားလေးကိုတော့ CM ကနေကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးထားပြီဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါဦးနော်…