ယုတခ ဟီဂရှီဂအိတို ဆိုတဲ့ အရှေ့ပိုင်းလေကြောင်းလိုင်းရုံးက လူငယ်လေးတစ်ယောက်။အနာဂတ်အတွက် ဘဝအိမ်မက် ရည်မှန်းချက်တွေ အများကြီးရှိတဲ့သူ။စည်းကမ်းကြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းသိမ်းတတ်တဲ့သူ။ အလုပ်မှာလည်း ထက်မြက်ထူးချွန်တဲ့ ယုတခဟာ မိန်းမလှလေး မစ်ဆုကိုနဲ့ စေ့စပ်ပြီး လက်ထပ်ဖို့ ၃ လကျော်အလိုမှာရာထူးတိုးဖို့အတွက် ထိုင်းနိုင်ငံမှာ သွားရောက် ရုံးထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ရုံးက အပေါင်းအသင်းသူငယ်ချင်းများနဲ့ ဆုံပြီး အရက်ဆိုင်မှာ သောက်စားကြရင်းသူငယ်ချင်းရဲ့ ရည်းစား အရမ်းဆွဲဆောင်မှုရှိတဲ့ အလှနတ်ဘုရားမလေး မာနာက တိုခိုနဲ့ဆုံခဲ့ကြပါတယ်။ ယုတခ ဟာ လက်ထပ်ရမယ့်သူ ရှိမှန်း သိပေမဲ့ မာနာကရဲ့ဆွဲဆောင်မှုအောက်ကနေ မရုန်းထွက်မိဘဲ ပျော်ပျော်ကြီးနေလာခဲ့ပါတယ်။ဒီလိုနဲ့ အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လာရင်း ဂျပန်ကိုပြန်ပြီး မစ်ဆုကိုနဲ့လက်ထပ်ရမယ့်အချိန်လည်း ရောက်လာခဲ့ပါတယ်။ဘဝရည်မှန်းချက်ကြီးသူ ယုတခ ဘယ်လိုဆုံးဖြတ်မှာလဲ…ယုတခတစ်ယောက် မာနကကို စွန့်လွှတ်ပြီး မစ်ဆုကိုနဲ့ လက်ထပ်နိုင်ပါ့မလား…ယုတခအမှန်တကယ် ချစ်ရတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါဦးနော် ..