Bullet Train Explosion HD

Bullet Train Explosion

Action Crime Drama Thriller HD 2025-04-23 6.745 137 Min

ဂျပန်နိုင်ငံမှာရှိတဲ့ အရှေ့ပိုင်းဂျေအာ ကုမ္ပဏီပိုင်အတွင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိတဲ့ ဟာယဘူဆာအမှတ်-၆၀ ရထားမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဆက်သွယ်ရေးစင်တာကို ဖုန်းဝင်လာခဲ့ပြီးထောင်ထားတဲ့ဗုံးဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ အောက် ကျတာနဲ့ပေါက်ကွဲမှာဖြစ်ကြောင်းလည်းအသိပေးလာပါတယ်။ ဒီအခါမှာ အဲဒီရထားရဲ့ ဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး ရထားကို အရှိန်မလျှော့ဘဲတစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းနဲ့  မောင်းနှင်ရင်း ထိန်းထားဖို့လုပ်ရပါတော့တယ်။ရထားကို အရှိန်ထိန်းမောင်းနှင်ရင်းနဲ့ ခရီးသည်တွေကိုလည်း ထိတ်လန့်မှုမဖြစ်စေဖို့အတွက်ထိန်းရပါသေးတယ်။ ဂျပန်ရဲ့ မူဝါဒမှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းဘူးဆိုတဲ့အချက်ရှိတဲ့အတွက်အစိုးရဟာလည်း ဗုံးထောင်သူနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ခရီးသည်များ လုံခြုံရေးအတွက်ကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိပေမဲ့ ဗုံးထောင်သူဘက်ကနေ ဗုံးဖြုတ်နည်းပြောပြပေးရမယ်ဆိုရင်သူ့ကို ယန်း ၁၀၀ ဘီလီယံပေးရမယ်လို့ ဆိုလာပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အရှေ့ပိုင်း ဂျေအာကုမ္ပဏီထံမှာမဟုတ်ဘဲဂျပန်ပြည်သူများထံမှ တောင်းဆိုတာဖြစ်ပါတယ်။ဗုံးထောင်သူရဲ့တောင်းဆိုလာမှုအပေါ်မှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းရေးမူဝါဒကို ကိုင်စွဲထားတဲ့ အစိုးရနဲ့အရှေ့ပိုင်းဂျေအာရဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ဗုံးထောင်ခံထားရတဲ့ ရထားပေါ်ကခရီးသည်တွေကိုဘယ်လိုကယ်တင်သွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် မှုခင်းဒရာမာ အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်။