SNSD Yuri၊ Kwak Sun Youngနဲ့ Lee Seulတို့ အဓိက ပါဝင်ထားတဲ့ ဇာတ်ကားသစ် တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ရေကူး နည်းပြ ယောင်းအွန်းဟာ ၇နှစ် အရွယ် သမီးဖြစ်သူ ဆိုဟျွန်းကို စောင့်ရှောက်နေတဲ့တစ်ကိုယ်တော်အမေ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဆိုဟျွန်းတို့ အိမ်က ခွေးလေးဟာရုတ်တရက် သေဆုံးသွားခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာဆိုဟျွန်းဟာလည်း ထူးဆန်းလာခဲ့ပါတယ်။ ရွယ်တူ သူငယ်ချင်းတွေကို အနိုင်ကျင့် အကြမ်းဖက်လာတဲ့သမီးဖြစ်သူ ဆိုဟျွန်းကို ယောင်းအွန်းကထိန်းကျောင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဆိုဟျွန်းရဲ့ အကျင့်တွေကပျောက်ကွယ် မသွားခဲ့ပါဘူး။ နှစ်၂၀ ကြာတဲ့နောက်မှာတော့ ငယ်ဘဝ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တဲ့ဂင်မင်ဆိုတဲ့ ကောင်မလေးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ အထူး သန့်ရှင်းရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ဂင်မင်မှာ ဟယ်ယောင်းဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရှိပြီးတော့ ဂင်မင်ရဲ့ ဘဝထဲကို ဟယ်ယောင်းကအတင်းဝင်ရောက်ဖို့ ကြိုးစားလာပါတော့တယ်။ငယ်ဘဝ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ ဂင်မင် ဆိုတာက ဘယ်သူဖြစ်မလဲ…ဂင်မင်ရဲ့ ဘဝထဲကို အတင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဟယ်ယောင်းရဲ့ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ…ဆိုတာကို သိရဖို့အတွက် ဇာတ်လမ်းထဲမှာပဲ ဆက်လက် ကြည့်ရှုပေးဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။