ဝရမ်းပြေးတစ်ယောက်…… တစ်မိသားစုလုံးသတ်ခံလိုက်ရတဲ့အစ်ကိုကြီးရဲ့တစ်ဦးတည်းသောသမီးလေးကိုကယ်ခဲ့မိတဲ့အတွက် ဝရမ်းပြေးဖြစ်သွားတဲ့သိုင်းလောကရဲ့သူရဲကောင်းတစ်ယောက်အကြောင်းဇာတ်လမ်းပဲဖြစ်ပါတယ်။ဟွေ့ထုံးစံအိမ်ကြီးရဲ့အရှင်သခင်ဟာ သူ့ရဲ့စံအိမ်သခင်ရာထူးကိုလုယူချင်တဲ့အတွက်သူ့ရဲ့အရင်းနီးဆုံးသွေးသောက်ညီလေးတစ်ယောက်ကပဲ သတ်တာကိုခံလိုက်ရပါတယ်။သူ့သမီးလေးကိုသတ်မလို့လုပ်နေတဲ့အချိန်မှာပဲ သူ့ရဲ့သွေးသောက်ညီလေးအငယ်ဆုံးယဲ့လျန်ကရောက်လာပြီးတော့ ကလေးမလေးကိုကယ်ထုတ်သွားခဲ့ပါတယ်။ဒီလိုနဲ့ယဲ့လျန်ဟာ သိုင်းလောကမှာ ရွှေတစ်သောင်းဆုကြေးထုတ်ခံရတဲ့ ဝရမ်းပြေးတစ်ယောက်ဖြစ်သွားပါတယ်။အမှားနဲ့အမှန်စည်းတစ်ခုသာခြားတဲ့လောကကြီးမှာ ယဲ့လျန်ဟာအသက်ဘေးကဘယ်လိုလွတ်မြောက်အောင်ပြေးပြီးတော့ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်းစားစရာပဲဖြစ်ပါတယ်…..