အချစ်ဆိုတာ…အသက်အရွယ် မခွဲခြားပါဘူးလေ…နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့…ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်…ဒါအပြစ်လား… ချစ်မိတာ အပြစ်ဖြစ်မလားဘယ်ဟုတ်ပါ့မလဲ…ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကိုအောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ…ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်…ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့်Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့…IMDB က 8/10, Netflix ကလည်း 8/10 တဲ့Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ…ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့မှတ်ချက်တွေကို ရခဲ့တယ်…ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကိုနာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တာပေါ့ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲတစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကိုမျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကား အပါအဝင်အဖြစ်လည်း အဖြစ်လည်းသတ်မှတ်လို့ရသေးတယ်အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ အရောက်ပို့လိုက်ရတာဂုဏ်ယူလို့မဆုံးပါကြောင်း……