ဘွန်နီဖေ့ ဆိုတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေးနဲ့ အစ်ကိုဖြစ်သူ ပရော်စပါတိုဟာ အမေဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့ တစ်ယောက်က အဒေါ်ဇနီးမောင်နှံရဲ့ ခေါ်ယူမွေးစားခံလိုက်ရပြီးတစ်ယောက်ကတော့ မိဘမဲ့ဂေဟာရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်ကို မလိုချင်တဲ့အတွက် အစ်ကိုဖြစ်သူဟာ မိဘမဲ့ဂေဟာကနေ ခိုးထွက်ခဲ့ပြီး အဒေါ်တိုအိမ်ရောက်နေတဲ့ ညီငယ်လေးကိုသွားခေါ်ကာအဝေးတစ်နေရာက ဗင်းနစ်မြိုကို ထွက်လာခဲ့တာပေါ့။ ဗင်းနစ်မြိုမှာ မလည်မဝယ်ဖြစ်နေရှာတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ လမ်းဘေးမှာ ဒုက္ခရောက်နေတုန်း သူခိုးဘုရင် ဆိုတဲ့ အသက် ၁၆နှစ်အရွယ်စကစ်ဆိုတဲ့ကောင်လေးရဲ့ခေါ်ယူစောင့်ရှောက်ခြင်းကို ခံထားရပါတယ်။ တစ်ဖက်မှာလည်း ဘွန်နီဖေ့ လေးကို ပြန်လိုချင်တဲ့ အဒေါ်ဇနီးမောင်နှံဟာ စုံထောက် ဗစ်တာကို အလုပ်အပ်ပြီး ဘွန်နီဖေ့ လေးကိုလိုက်ရှာနေခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဘွန်နီဖေ့ တို ညီအစ်ကိုနှစ်ဦး ဘယ်လိုတွေကြုံတွေ့ရမလဲ၊ စုံထောက်ဗစ်တာနဲ့ရော ဘယ်လိုတွေဇာတ်လမ်းသွားကြမလဲ၊ ဗင်းနစ်မြိုရဲ့ အခက်အခဲတွေကိုရောဘယ်လိုရင်ကြရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုကြရမှာပါ။