ဒီကားမှာတော့ Wednesday Cast နှစ်ယောက်စလုံးဖြစ်တဲ့Jenna Ortega နှင့် Percy Hynes White တို့ပါ၀င်ထားပါတယ် ။ရယ်မီအန်ဂလာဆိုတဲ့ ကောင်မလေးဟာ မိဘတိုင်းနီးပါးပါးစပ်က “သူများအိမ်ကကလေးဆိုရင် ဘယ်လို” ဆိုတဲ့ဘ၀လေးကိုပိုင်ဆိုင်ထားသူပါ ။အပြည့်အ၀ထောက်ပံ့ပေးတဲ့မိဘနှစ်ပါးရှိတဲ့ လူရည်ချွန်၊ထိပ်တန်းကျောင်းသူလေးက ရည်မှန်းချက်ကလဲ ဟားဗတ်တက်ပြီး ရှေ့နေတစ်ယောက်ဖြစ်လာချင်တာတဲ့။အဲ့လိုမျိုးပြည့်စုံပေမယ့် ပုံသေဆန်တဲ့ သူ့ကမ္ဘာလေးထဲကိုဘန်းစ်ဆိုတဲ့ ဘ၀ကိုပျော်ပျော်နေပြီး အပင်တွေ၊ ဂီတတွေကိုသဘောကျတတ်တဲ့ Broken Family က ကောင်လေးတစ်ဦး၀င်လာတဲ့အခါငြိမ်သက်တဲ့ရေပြင်လေးပေါ်လှိုင်းလေးတွေခတ်စပြုလာတယ် ။ ဆန့်ကျင်ဘက်တွေကဆွဲငင်ကြတယ်ဆိုတဲ့သဘောအတိုင်း ရထားဘူတာရုံမှာသူတို့နှစ်ယောက်စတင်ဆုံတဲ့အချိန်ကစပြီးပုံပြင်လေးတစ်ခုစဖြစ်လာပါတယ် ။ကွာခြားလွန်းတဲ့ ကမ္ဘာနှစ်ခုက လူနှစ်ဦးဟာ အတူရှိဖို့အတွက် သူတို့ဘ၀ကို ဘယ်လိုပုံဖော်သွားကြမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်လိုက်ကြနော်။Wednesday S2 မထွက်ခင် ဒါလေးအရင်ကြည့်ထားပြီးစောင့်လိုက်ရအောင် ။