Alice through the Looking Glass ကတော့ Alice in Wonderland(2010) ရဲ့ Sequel ရုပ်ရှင်ဖြစ်တာကြောင့် သိပ်ပြီးတော့ အထွေအထူးမညွှန်းတော့ပါဘူး။ ဇာတ်ကြောင်းကိုပဲတန်းပြောလိုက်ပါတော့မယ်။ဇာတ်ညွှန်းအဲလစ်စ်လေး အသက် ၂၂ နှစ်ကျော်ခဲ့ပါပြီ။ သူ့အဖေပိုင်တဲ့ သင်္ဘော”အံ့ဖွယ်” ရဲ ကပ္ပတိန်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒီလိုနဲ့ တရက်မှာ ကြည့်မှန်တစ်ခုကနေပြီး အဲလစ်စ်ဟာ အံ့ဖွယ်ကမ္ဘာကိုပြန်ရောက်သွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်မှာဟက်တာတစ်ယောက် စိတ်ဖောက်နေပါပြီ။ ဘာလို့စိတ်ဖောက်လည်းဆိုတော့ သူ့မိသားစုဟာ ဂျက်ဘာဝေါ့ကီလက်ချက်နဲ့ အသက်မဆုံးပဲအသက်ရှင်နေတယ်ဆိုတဲ့ အသိကြောင့်ဖြစ်ပါတယ်။ သူတို့ကိုကယ်တင်နိုင်မယ်ဆိုလည်း အဲဒါကအဲလစ်စ်တစ်ယောက်တည်းပဲရှိကြောင်း ဟက်တာကပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲလစ်စ်က မဖြစ်နိုင်ကြောင်းပြောခဲ့ပါတယ်။နည်းလမ်းတစ်ခုရှိနေတာကလွဲလို့ပေါ့လေ။ အဲဒါကတော့ အချိန်နောက်ပြန်ခရီးသွားပြီးပြန်ကယ်တာပါပဲ။အချိန်ကလည်း အဲလစ်စ်တစ်ယောက်တည်းပဲ နောက်ပြန်သွားလို့ရပါတယ်။ဘာလို့လည်းဆိုတော့ အဲလစ်စ်က မြေအောက်ကမ္ဘာရဲ့အတိတ်မှာ ရှိမနေတဲ့ တစ်ဦးတည်းသောလူဖြစ်နေတာကြောင့်မလို့ပါ။ ကဲအချိန်နောက်ပြန်သွားရင်း ဘာတွေဆက်ဖြစ်မလည်းဆိုတာကို ကြည့်လိုက်ကြပါခင်ဗျာ။