Alice in Wonderland HD

Alice in Wonderland

Family Fantasy Adventure HD 2010-03-03 6.6 108 Min

ချားလ်စ်ဆိုတဲ့ ကုန်သည်တစ်ယောက်မှာ အဲလစ်စ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။အဲလစ်စ်လေးဟာ ငယ်ငယ်ကတည်းက အိမ်မက်တစ်ခုတည်းကိုမက်ပါတယ်။အဲဒီအိမ်မက်ထဲမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်ပါတယ်၊ ဒိုဒိုငှက်ကြီးတစ်ကောင်ပါတယ်၊ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်ပါတယ်။ အိမ်မက်ဆိုတော့ အတည်မှတ်လို့မရဘူးပေါ့လေ။“သမီးရူးသွားပြီလား” တဲ့။ ဒါက အဲလစ်စ်လေးရဲ့ သူ့အဖေ ချားလ်စ်ကိုမေးတဲ့အမေး။ချားလ်စ်ကပြန်ဖြေတယ်“ဟုတ်တယ်၊ သွက်သွက်ခါအောင်ပဲတဲ့။ ဒါပေမဲ့ လျှို့ဝှက်ချက်တစ်ခုအဖေပြောပြမယ်။အတော်ဆုံးလူတွေအကုန်လုံးက ရူးနေကြတာပဲ” တဲ့။ဒီလိုနဲ့ အဲလစ်စ်လေး ၁၉ နှစ်သမီးရောက်တော့ ရှေးခေတ်အင်္ဂလန်ပြည်ကြီးရဲ့ထုံးစံအတိုင်းယောက်ျားပေးစားဖို့ကြံပါတော့တယ်။ ဒါပေမဲ့ လက်ထပ်ခွင့်ကို လက်ခံသည်/မလက်ခံသည် မပြောရသေးခင်မှာအဲလစ်စ်ဟာ ယုန်တွင်းထဲပြုတ်ကျပြီး အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ဒီလိုနဲ့အဲလစ်စ်ဟာ မြေအောက်အံ့ဖွယ်ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ကြပါဦးခင်ဗျာ။အရူးဦးထုပ်သမား အဖြစ် မင်းသားကြီး Johnny Deppအဲလစ်စ် အဖြစ် မင်းသမီး Mia Wasikowskaခန်းဆောင်နီဘုရင်မအဖြစ် Tim Burton ကားမှာ မပါမဖြစ် မင်းသမီး Helena Bonham Carterခန်းဆောင်ဖြူဘုရင်မအဖြစ် အချစ်တော်မင်းသမီး မကြာနု Anne Hathawayပညာရှိ ပေါက်ဖတ်အဖြစ်အသံသရုပ်ဆောင် မင်းသားကြီး Alan Rickmanခန်းဆောင်နီဘုရင်မ တပ်မှူးအဖြစ် မင်းသား Crispin Glover တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။